back

လာအိုနိုင်ငံ၊ဝမ်ဗီယန်းမြို့ရှိ လေဆိပ်ဟောင်းကို အဆင့်မြှင့်တင်ပြီး ခရီးသွားကဏ္ဍအတွက် ဒေါ်လာ ၂၁၆ သန်း ရင်းနှီးမြှပ်နှံမည်

Jun 05 • 2:45 AM

breaking-news

လာအို

ပြည်တွင်းသတင်း

cover

လာအိုနိုင်ငံ၊ဝမ်ဗီယန်းမြို့ရှိ လေဆိပ်ဟောင်းကို အဆင့်မြှင့်တင်ပြီး ခရီးသွားကဏ္ဍအတွက် ဒေါ်လာ ၂၁၆ သန်း ရင်းနှီးမြှပ်နှံမည်

လာအိုနိုင်ငံ၏ နာမည်ကြီးခရီးသွားဒေသဖြစ်သော ဝမ်ဗီယန်း (Vang Vieng) မြို့ရှိ လေဆိပ်ဟောင်းနေရာကို အမေရိကန်ဒေါ်လာ ၂၁၆ သန်း အကုန်အကျခံကာ ခေတ်မီအဆင့်မြင့် ခရီးသွားဇုန်...

လာအိုနိုင်ငံ၏ နာမည်ကြီးခရီးသွားဒေသဖြစ်သော ဝမ်ဗီယန်း (Vang Vieng) မြို့ရှိ လေဆိပ်ဟောင်းနေရာကို အမေရိကန်ဒေါ်လာ ၂၁၆ သန်း အကုန်အကျခံကာ ခေတ်မီအဆင့်မြင့် ခရီးသွားဇုန်အဖြစ် ပြောင်းလဲဖော်ဆောင်ရန်အတွက် စီမံကိန်းမြေနေရာ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူညီချက်ကို ဇွန်လ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ စီမံကိန်းကို လာအို-အာဆီယံ ဖွံ့ဖြိုးတိုးတက်ရေး အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူလုပ်ဆောင်မည်ဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ဖျော်ဖြေရေးဇုန်များ ပါဝင်မည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

news-view-count-icon

14