back

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလူငယ် ၇ ဦး ဖမ်းဆီးခံရ

Jun 05 • 1:53 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာလူငယ် ၇ ဦး ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ ဂျီထရာမြို့ (Jitra) တိုးဂိတ်အနီး အဝေးပြေးလမ်းဘေးတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၇ ဦးကို မလေးရှားအာဏာပိုင်မျ...

မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ ဂျီထရာမြို့ (Jitra) တိုးဂိတ်အနီး အဝေးပြေးလမ်းဘေးတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား အမျိုးသား ၇ ဦးကို မလေးရှားအာဏာပိုင်များက ဇွန်လ ၄ ရက် (ယမန်နေ့) တွင် ဖမ်းဆီးခဲ့ကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါ မြန်မာနိုင်ငံသားများသည် ၎င်းတို့ကို လာရောက်ခေါ်ဆောင်မည့် ကားကို စောင့်ဆိုင်းနေစဉ် ကြိုတင်သတင်းပေးချက်အရ လာရောက်စစ်ဆေးသည့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး၊ စစ်ဆေးစဉ်အတွင်း မည်သည့်ခရီးသွားလာခွင့် အထောက်အထားနှင့် တရားဝင်ပါမစ်မျှ ပြသနိုင်ခြင်း မရှိခဲ့ကြပေ။ လက်ရှိတွင် ၎င်းတို့ ၇ ဦးလုံးကို ၁၉၅၉/၆၃ ခုနှစ် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အမှုဖွင့်ကာ နောက်ကွယ်မှ လူမှောင်ခိုဂိုဏ်းများကိုပါ ထပ်မံဖော်ထုတ်နိုင်ရေး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုသိရသည်။

news-view-count-icon

19