မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ ဇွန် ၄ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားသည်။ ယခုခရီးစဉ်သည် ဦးတင်မောင်ဆွေ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တရုတ်ပြည်ခရီးစဉ်ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလက ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အချိန်တိုအတွင်း အပြန်အလှန် ခရီးလှည့်လည်ခြင်းလည်း ဖြစ်သည်။တရုတ်ဘက်ကမူ ယခုခရီးစဉ်သည် နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအပေါ် ထားရှိသည့် နိုင်ငံရေးဆန္ဒကို ပြသနေသည်ဟု ဆိုသည်။ ခရီးစဉ်အတွင်း ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက် ၄ ရပ် မူဘောင်အတွင်း ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို နက်ရှိုင်းစွာ ဆွေးနွေးသွားမည်ဖြစ်ပြီး နှစ်နိုင်ငံလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများနှင့် အောင်မြင်မှုများ ပိုမိုရရှိလာရန် တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
Jun 04 • 2:26 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


