back

ထိုင်းလေကြောင်း ၆၆ နှစ်သမိုင်းတွင် ပထမဆုံး အမျိုးသမီးလေယာဉ်မှူး ခန့်အပ်

Jun 04 • 2:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းလေကြောင်း ၆၆ နှစ်သမိုင်းတွင် ပထမဆုံး အမျိုးသမီးလေယာဉ်မှူး ခန့်အပ်

ထိုင်းနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Thai Airways International သည် ၎င်းတို့၏ ၆၆ နှစ်ကြာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လေယာဉ်မောင်းနှ...

ထိုင်းနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်းဖြစ်သော Thai Airways International သည် ၎င်းတို့၏ ၆၆ နှစ်ကြာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်လေယာဉ်မောင်းနှင်ရန် အမျိုးသမီးပိုင်းလော့တစ်ဦးကို ဇွန်လ ၂ ရက် (ယမန်နေ့) က ခန့်အပ်ခဲ့သည်။ အဆိုပါ ပထမဆုံး အမျိုးသမီး ပထမတန်းအရာရှိမှာ "ဘမ်" ဟု လူသိများသည့် ပန်နာသွန်တန်ဂွမ်ဂွမ်ချိုင် ဖြစ်ပြီး၊ ၎င်းသည် ဘန်ကောက်မှ ဟနွိုင်းသို့ ပျံသန်းသည့် TG564 (Airbus A320-200) လေယာဉ်ခရီးစဉ်ကို တာဝန်ယူမောင်းနှင်ခဲ့သည်။ပန်နာသွန်သည် လက်ခရာဘန်း မောင်းကွတ်ဘုရင် နည်းပညာအင်စတီကျူဒ်မှ လေကြောင်းအင်ဂျင်နီယာနှင့် လေကြောင်းပိုင်းလော့ဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်ပြီး၊ အခြားလေကြောင်းလိုင်းတစ်ခုတွင် Airbus A320 မောင်းနှင်သူအဖြစ် အတွေ့အကြုံ ၄ နှစ်ကျော် ရှိခဲ့သူဖြစ်သည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အမျိုးသမီးလေယာဉ်မှူး ၆ ရာခိုင်နှုန်းခန့်သာ ရှိနေသေးချိန်တွင် ယခုကဲ့သို့ ခန့်အပ်လိုက်ခြင်းကြောင့် လေကြောင်းလုပ်ငန်းအတွင်း အမျိုးသမီးများ ပိုမိုပါဝင်လာစေရန် အားပေးနိုင်လိမ့်မည်ဟု ထိုင်းလေကြောင်းလိုင်းက မျှော်လင့်ထားကြောင်း သိရသည်။

news-view-count-icon

22