back

မဲဆောက်တွင် အသက် ၃ လအရွယ် ခွေးမလေးတစ်ကောင်အား လူက အဓမ္မပြုကျင့်ပြီး စွန့်ပစ်ထားမှု မြန်မာတိရစ္ဆာန်ချစ်သူများ ကယ်တင်ဆေးကုသပေးထား

Jun 03 • 1:14 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်တွင် အသက် ၃ လအရွယ် ခွေးမလေးတစ်ကောင်အား လူက အဓမ္မပြုကျင့်ပြီး စွန့်ပစ်ထားမှု မြန်မာတိရစ္ဆာန်ချစ်သူများ ကယ်တင်ဆေးကုသပေးထား

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ အမှိုက်ပုံးဘေးတွင် အသက် ၃ လခန့်သာရှိသေးသည့် အမည်းရောင် ခွေးပေါက်အမလေးတစ်ကောင် ("အဒမ်း") ဒဏ်ရာပြင်းထန်စွ...

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ရှိ အမှိုက်ပုံးဘေးတွင် အသက် ၃ လခန့်သာရှိသေးသည့် အမည်းရောင် ခွေးပေါက်အမလေးတစ်ကောင် ("အဒမ်း") ဒဏ်ရာပြင်းထန်စွာဖြင့် စွန့်ပစ်ခံထားရသည်ကို ဇွန်လ ၁ ရက်က တွေ့ရှိခဲ့ရာ တိရစ္ဆာန်ကယ်ဆယ်ရေးလုပ်ဆောင်နေသူ မဇာဇာနှင့်အဖွဲ့က ကယ်တင်ခဲ့သည်။ ထိုင်းနှင့် မြန်မာတိရစ္ဆာန်ဆရာဝန်များ၏ စစ်ဆေးချက်အရ ခွေးကလေးမှာ သားအိမ်ပြောင်းပြန်လှန်ထွက်ကျပြီး ညှပ်ရိုးကျယ်ထွက်သွားသည်အထိ လူက တမင်တကာ ရက်စက်စွာ အဓမ္မပြုကျင့်ထားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သဖြင့် အရေးပေါ်ခွဲစိတ်ကုသပေးခဲ့ရပြီး လက်ရှိတွင် ကျန်းမာရေးအခြေအနေကို ဆက်လက်စောင့်ကြည့်နေရသည်။ အခင်းဖြစ်ပွားရာ၌ CCTV မရှိခြင်းနှင့် ဘာသာစကားအခက်အခဲကြောင့် ကျူးလွန်သူကို စုံစမ်းရန် ခက်ခဲနေသော်လည်း နောင်တွင် ယခုကဲ့သို့ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန် ထိုင်းရဲတပ်ဖွဲ့ထံ တိုင်ကြားရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

18