back

မလေးရှားရှိ ဒုက္ခသည် ၂ သိန်းကျော်ကို စာရင်းကောက်ယူ၍ ယာယီအလုပ်အကိုင်များ ပေးရန် မလေးရှားအစိုးရ စီစဉ်

Jun 03 • 10:54 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားရှိ ဒုက္ခသည် ၂ သိန်းကျော်ကို စာရင်းကောက်ယူ၍ ယာယီအလုပ်အကိုင်များ ပေးရန် မလေးရှားအစိုးရ စီစဉ်

မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂ သိန်းကျော်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် မလေးရှားအစိုးရက ဒုက္ခသည်စာရင်းသွင်းမှတ်တမ်း...

မလေးရှားနိုင်ငံအတွင်း ရောက်ရှိနေသော ဒုက္ခသည်နှင့် ခိုလှုံခွင့်တောင်းခံသူ ၂ သိန်းကျော်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် မလေးရှားအစိုးရက ဒုက္ခသည်စာရင်းသွင်းမှတ်တမ်းတင်ခြင်း (DPP) အစီအစဉ်ဖြင့် ယခုနှစ်ဆန်းပိုင်းမှစ၍ ကိုယ်ရေးအချက်အလက်များ ကောက်ယူလျက်ရှိရာ လက်ရှိတွင် ဒုက္ခသည် ၄,၀၀၀ ကျော်ကို စာရင်းကောက်ယူပြီးစီးပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဆိုင်ဖူဒင်နာဆူတင်အစ္စမေးလ်က ပြောကြားသည်။ စာရင်းကောက်ယူထားသူများအနက် အသက် ၂၀ နှင့် ၄၀ ကြား ဒုက္ခသည်များကို အလုပ်သမားရှားပါးမှု ကြုံတွေ့နေရသည့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ယာယီအလုပ်အကိုင်များ ပေးသွားရန် ရည်ရွယ်ထားသော်လည်း ယင်းသည် မလေးရှားတွင် အမြဲတမ်းနေထိုင်ခွင့်ရမည့် လမ်းကြောင်းမဟုတ်ကြောင်း အခိုင်အမာဆိုသည်။လုပ်ငန်းရှင်များက ယခုအစီအစဉ်သည် ပြည်ပလုပ်သားများအပေါ် အားကိုးရမှုကို လျှော့ချနိုင်မည်ဟု မျှော်လင့်နေကြသည်။

news-view-count-icon

18