ပြင်းထန်သည့် အပူပိုင်းမုန်တိုင်း ဂျန်းမီ (Jangmi) သည် ဂျပန်နိုင်ငံ ကန်တိုဒေသအနီးသို့ ဖြတ်သန်းရွေ့လျားနေသဖြင့် မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်း ဘေးအန္တရာယ်များကို သတိပြုကြရန် ဒေသခံပြည်သူများကို နှိုးဆော်ထားကြောင်း NHK သတင်းအရ သိရသည်။ မုန်တိုင်းဂျန်းမီသည် ချီဘာစီရင်စုတောင်ဘက်ရေပြင်မှတစ်ဆင့် ယနေ့ ဇွန်လ ၃ ရက် မွန်းလွဲ ၂ နာရီအချိန်အထိ တစ်နာရီလျှင် ၄၅ ကီလိုမီတာနှုန်းဖြင့် အရှေ့-အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားနေသည်။ တိုကျိုမြို့ အစိတ်အပိုင်းအချို့နှင့် မြစ်များတွင် ရေကြီးမြေပြိုနိုင်ခြေရှိသဖြင့် ဂျပန်မိုးလေဝသအေဂျင်စီက အရေးပေါ်သတိပေးချက်အဆင့် ၄ အထိ ထုတ်ပြန်ခဲ့ပြီးနောက် လက်ရှိတွင် ပြန်လည်ရုပ်သိမ်းထားသည်။ မုန်တိုင်းအရှိန်ကြောင့် ဇွန်လ ၄ ရက် မွန်းတည့်ချိန်အထိ ကန်တိုနှင့် တိုဟိုကူဒေသတို့တွင် မိုးရေချိန် ၁၂၀ မီလီမီတာအထိ ဆက်လက်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။
ပြင်းထန်အပူပိုင်းမုန်တိုင်း ဂျန်းမီ ဂျပန်နိုင်ငံ ကန်တိုဒေသအနီး ဖြတ်သန်း၊ မိုးသည်းထန်ပြီး မြေပြိုနိုင်၍ သတိပေးထား
Jun 03 • 10:52 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


