၂၀၂၆ ခုနှစ် မေလ နောက်ဆုံးအပတ်တွင် ပေကန်နီနပ်စ် လူဝင်မှုစခန်းမှ နိုင်ငံခြားသား ၁၃၆ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။ မြန်မာ ၈၂ ဦး၊ အင်ဒိုနီးရှား ၄၀ ဦး၊ ပါကစ္စတန် ၉ ဦး၊ ဖိလစ်ပိုင် ၃ ဦးနှင့် တရုတ် ၂ ဦး ပါဝင်သည်။ KLIA 1၊ KLIA 2၊ ဆီနိုင်းလေဆိပ်နှင့် စတူလန်းလောက်ကူးတို့ဆိပ်မှတစ်ဆင့် ၎င်းတို့၏ ဇာတိနိုင်ငံများသို့ ပြန်ပို့ခြင်းဖြစ်သည်။
၎င်းတို့ရဲ့ခရီးစရိတ်ကို ထိန်းသိမ်းခံရသူ၏ ကိုယ်ပိုင်ငွေ၊ မိသားစုထောက်ပံ့မှုဖြင့် ကျခံရပြီး အထူးကိစ္စများတွင် သက်ဆိုင်ရာသံရုံးများက တာဝန်ယူသည်။ ပြန်ပို့ခံရသူအားလုံးကို နာမည်ပျက်စာရင်းသွင်းထားပြီး သတ်မှတ်ကာလအတွင်း နိုင်ငံအတွင်း ပြန်ဝင်ခွင့်မပြုကြောင်းသိရသည်။



