back

ဂျပန်နိုင်ငံမှာ ပရိသတ် (၁၀,၀၀၀) အတွက် အခမဲ့ Fan Meeting လုပ်မယ့် T.O.P

Jun 03 • 2:15 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံမှာ ပရိသတ် (၁၀,၀၀၀) အတွက် အခမဲ့ Fan Meeting လုပ်မယ့် T.O.P

T.O.P ဟာ သူရဲ့ တရားဝင် ဂျပန်ဖန်ကလပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့အတွက် အကြီးစား အခမဲ့ Fan Meeting တစ်ခုကို ဂျပန်နိုင်ငံမှာ ပြုလုပ်မှာပါ။TOPSPOT PICTURES ရဲ့ ထုတ်...

T.O.P ဟာ သူရဲ့ တရားဝင် ဂျပန်ဖန်ကလပ် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့အတွက် အကြီးစား အခမဲ့ Fan Meeting တစ်ခုကို ဂျပန်နိုင်ငံမှာ ပြုလုပ်မှာပါ။TOPSPOT PICTURES ရဲ့ ထုတ်ပြန်မှာ T.O.P ဟာ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားမှာရှိတဲ့ Pia Arena MM မှာ ဇူလိုင်လ (၉) ရက်၊ ဒေသစံတော်ချိန် ညနေ (၆) နာရီအချိန်မှာ အခမဲ့ Fan Meeting ကို ကျင်းပသွားမှာဖြစ်ပြီး၊ သူ့ရဲ့ ဂျပန် Fan Club မှာ တရားဝင် စာရင်းပေးသွင်းထားတဲ့ အဖွဲ့ဝင် (၁၀,၀၀၀) ခန့်ကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။

အဲဒီ Fan Meeting နဲ့ပတ်သက်လို့ အေဂျင်စီကတော့ သူရဲ့အပေါ်မှာ ဆက်လက်အားပေးနေတဲ့ ပရိသတ်တွေအတွက် T.O.P ကိုယ်တိုင် လက်ဆောင်အဖြစ် စီစဉ်ထားတဲ့ ဖျော်ဖြေပွဲတစ်ခုလို့ ဖော်ပြထားပါတယ်။ ဂျပန်ဖန်ကလပ် အဖွဲ့ဝင်တွေအတွက်တော့ လက်မှတ်ကြိုတင်မှာယူမှုကို ဇွန်လ (၅) ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာပါ။ဒီပွဲကိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Hallyu MC တစ်ဦးဖြစ်တဲ့ Masayuki Furuya က တင်ဆက်ပေးသွားမှာဖြစ်ပြီး T.O.P ကလည်း ဂျပန်ပရိသတ်တွေနဲ့ စကားပြောတာတွေ၊ အထူးအစီအစဉ်တွေကို ပြင်ဆင်ထားပါတယ်။ Fan Meeting ဟာ ဧပြီလ (၃) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ T.O.P ရဲ့ ပထမဆုံး တစ်ကိုယ်တော် Full Album ‘Another Dimension’ အပြီးမှာ သူ့ရဲ့ လှုပ်ရှားမှုတွေကို ပြန်လည်စတင်လိုက်တာလည်း ဖြစ်ပါတယ်။‘Another Dimension’ မှာ double title သီချင်းတွေဖြစ်တဲ့ “Studio54” နဲ့ “Desperado” တို့အပါအဝင် သီချင်းပေါင်း (၁၁) ပုဒ် ပါဝင်ပါတယ်။ StarNews ရဲ့ ဖော်ပြချက်အရ အဲဒီ Album ဟာ နိုင်ငံပေါင်း (၁၅) နိုင်ငံရဲ့ iTunes မှာ နံပါတ် (၁) ချိတ်ခဲ့ပြီး ထွက်ရှိတဲ့ ပထမဆုံးနေ့မှာတင် Spotify stream ပေါင်း (၁.၄၇) သန်းကျော်အထိ စံချိန်တင်ခဲ့ပါတယ်။T.O.P ဟာ ၂၀၀၆ ခုနှစ်မှာ BIGBANG အဖွဲ့နဲ့အတူ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး အဆိုတော်အဖြစ်သာမက သရုပ်ဆောင်မင်းသားအဖြစ် အောင်မြင်ခဲ့သူဖြစ်ပါတယ်။



news-view-count-icon

18