back

ထိုင်းနိုင်ငံတွင် အကြွေးနွံနစ်နေသည့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး အိပ်မက်အတိုင်း ထီထိုးရာမှ ဘတ် ၆ သန်း ကံထူး

Jun 02 • 1:46 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် အကြွေးနွံနစ်နေသည့် ကိုယ်ဝန်ဆောင် မြန်မာအမျိုးသမီးတစ်ဦး အိပ်မက်အတိုင်း ထီထိုးရာမှ ဘတ် ၆ သန်း ကံထူး

ထိုင်းနိုင်ငံ ကမ်ဖန်ဖတ်မြို့နယ်၌ ဟင်းသီးဟင်းရွက်ရောင်းချနေပြီး အရင်းအနှီးပျောက်ကာ အကြွေးနွံနစ်နေသည့် အသက် ၂၅ နှစ်အရွယ် လားဟူတိုင်းရင်းသူ ကိုယ်ဝန်ဆောင်မြန်မာအမျိ...

ထိုင်းနိုင်ငံ ကမ်ဖန်ဖတ်မြို့နယ်၌ ဟင်းသီးဟင်းရွက်ရောင်းချနေပြီး အရင်းအနှီးပျောက်ကာ အကြွေးနွံနစ်နေသည့် အသက် ၂၅ နှစ်အရွယ် လားဟူတိုင်းရင်းသူ ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီး မအင်သီရာသည် ဇွန်လ ၁ ရက်နေ့ထုတ် ထိုင်းအစိုးရ ထီပထမဆုကြီး ဘတ် ၆ သန်းကို ကံထူးသွားကြောင်း သိရသည်။ သူမသည် ပြီးခဲ့သည့်ရက်ပိုင်းက အိပ်မက်ထဲတွင် အဖိုးအိုတစ်ဦး လာရောက်ပြောကြားခဲ့သည့် '၁၇၃၇၇၀' ဂဏန်းအတိုင်း အဆုံးသတ် ၇၇၀ ပါ ထီလက်မှတ်တစ်စောင်ကို ပိုက်ဆံမလောက်သဖြင့် အနိုင်နိုင်ဝယ်ယူခဲ့ရာမှ ယခုကဲ့သို့ ဆုကြီးပေါက်ခဲ့ခြင်း ဖြစ်သည်။ ကံထူးရှင် မိခင်လောင်းက ယခုရရှိသည့် ဆုကြေးငွေများဖြင့် အကြွေးများဆပ်ကာ အိပ်မက်ထဲက အဖိုးအိုအတွက် ၎င်း၏ဇာတိ တာ့ခ်ခရိုင်းရှိ ဘုန်းတော်ကြီးကျောင်းတွင် အလှူအတန်းပြုလုပ်ပေးမည်ဖြစ်ပြီး၊ ထီပေါက်သော်လည်း ဟင်းရွက်ရောင်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

news-view-count-icon

22