back

ဘန်ကောက်မြို့ရှိ ဘဏ်တစ်ခုအနီး လမ်းဘေးအမှိုက်ပုံတွင် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိသဖြင့် အာဏာပိုင်များ အရေးပေါ် ဖယ်ရှားရှင်းလင်း

Jun 02 • 12:46 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မြို့ရှိ ဘဏ်တစ်ခုအနီး လမ်းဘေးအမှိုက်ပုံတွင် လက်ပစ်ဗုံးတစ်လုံးတွေ့ရှိသဖြင့် အာဏာပိုင်များ အရေးပေါ် ဖယ်ရှားရှင်းလင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bang Khun Non ဧရိယာရှိ နာမည်ကြီးဘဏ်ခွဲတစ်ခု၏ ရှေ့၌ ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက MK 2 အမျိုးအစား လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သဖြင့်...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Bang Khun Non ဧရိယာရှိ နာမည်ကြီးဘဏ်ခွဲတစ်ခု၏ ရှေ့၌ ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက MK 2 အမျိုးအစား လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သဖြင့် ဖောက်ခွဲရေးပစ္စည်းရှင်းလင်းရေး (EOD) အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့က နယ်မြေပိတ်ဆို့ကာ အရေးပေါ် သွားရောက်ဖယ်ရှားခဲ့ရကြောင်း သိရသည်။ အဆိုပါဗုံးကို နံနက် ၇ နာရီခွဲအချိန်ခန့်က လမ်းဘေးအမှိုက်ပုံအတွင်း အမှိုက်သိမ်းသမားများက စတင်တွေ့ရှိပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကာ၊ တာဝန်ရှိသူများက အများပြည်သူအန္တရာယ်မဖြစ်စေရန် ကြိုးဝိုင်းတားဆီးပိတ်ဆို့၍ နံနက် ၉ နာရီခန့်တွင် အောင်မြင်စွာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။ လက်ရှိတွင် သက်ဆိုင်ရာရဲစခန်းမှ စုံစမ်းစစ်ဆေးရေးမှူးများက တစ်စုံတစ်ဦးသည် ဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်သဖြင့် လာရောက်စွန့်ပစ်သွားခြင်းဖြစ်နိုင်ကြောင်း ယူဆထားပြီး၊ ဗုံးလာရောက်စွန့်ပစ်သူကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန် အနီးနားရှိ CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

25