back

ဒူဘိုင်းတွင် ကမ္ဘာ့စျေးကွက်လှုပ်ခတ်မှုကြောင့်ရွှေစျေးနှုန်းများ ပြန်လည်မြင့်တက်လာ

Jun 02 • 7:19 AM

breaking-news

UAE

ပြည်တွင်းသတင်း

cover

ဒူဘိုင်းတွင် ကမ္ဘာ့စျေးကွက်လှုပ်ခတ်မှုကြောင့်ရွှေစျေးနှုန်းများ ပြန်လည်မြင့်တက်လာ

ကမ္ဘာ့ရွှေစျေးကွက် အပြောင်းအလဲများနှင့်အတူ ဒူဘိုင်းမြို့၏ နံနက်ခင်းအစောပိုင်း ကူးသန်းရောင်းဝယ်မှုတွင် ရွှေစျေးနှုန်းများ ပြန်လည်ဦးမော့လာခဲ့ပြီး လူကြိုက်များသည့်...


ကမ္ဘာ့ရွှေစျေးကွက် အပြောင်းအလဲများနှင့်အတူ ဒူဘိုင်းမြို့၏ နံနက်ခင်းအစောပိုင်း ကူးသန်းရောင်းဝယ်မှုတွင် ရွှေစျေးနှုန်းများ ပြန်လည်ဦးမော့လာခဲ့ပြီး လူကြိုက်များသည့် ၂၂ ကာရက် (22K) ရွှေစျေးနှုန်းသည် တစ်ဂရမ်လျှင် ၅၀၀ ဒိုင်ရဟမ် (Dh500) အထက်သို့ ပြန်လည်ကျော်လွန် ရောက်ရှိလာခဲ့သည်။အရှေ့အလယ်ပိုင်းဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများ (အထူးသဖြင့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့အကြား အခြေအနေများ) နှင့် ကမ္ဘာ့ရေနံစျေးနှုန်း လှုပ်ခတ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် ဘေးကင်းစိတ်ချရသည့် ရွှေကဲ့သို့သော အရာများတွင် ရင်းနှီးမြှုပ်နှံရန် (Safe-Haven Assets) ပြန်လည်ခြေဦးလှည့်လာကြသည်။ ဤအခြေအနေကြောင့် ကမ္ဘာ့ရွှေစျေးနှုန်း မြင့်တက်လာမှုနှင့်အတူ ဒူဘိုင်းရွှေစျေးကွက်တွင်လည်း ၂၄ ကာရက် (24K) ရွှေစျေးသည် တစ်ဂရမ်လျှင် ၅၄၀ ဒိုင်ရဟမ်ဝန်းကျင်အထိ မြင့်တက်လာပြီး ၂၂ ကာရက်ရွှေသည်လည်း ဒိုင်ရဟမ် ၅၀၀ ကျော် စံချိန်သစ်တစ်ခုသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုကဲ့သို့ ရွှေစျေးနှုန်းများ တရက်ထက်တရက် စံချိန်တင်မြင့်တက်နေခြင်းကြောင့် ဒူဘိုင်းရှိ ရွှေထည်နှင့် လက်ဝတ်ရတနာ ဝယ်ယူသူများအနေဖြင့် စျေးကွက်အခြေအနေကို ပိုမိုသတိထား စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

19