back

ထိုင်းဘုရင့်မိဖုရား မွေးနေ့အထိမ်းအမှတ် ပွဲတော်များ တစ်နိုင်ငံလုံးတွင် ခမ်းနားစွာကျင်းပရန်ပြင်ဆင်နေ

Jun 02 • 2:38 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင့်မိဖုရား မွေးနေ့အထိမ်းအမှတ် ပွဲတော်များ တစ်နိုင်ငံလုံးတွင် ခမ်းနားစွာကျင်းပရန်ပြင်ဆင်နေ

ဇွန်လ ၃ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ မိဖုရားကြီး၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ထိုင်းတစ်နိုင်ငံလုံးရှိ ပြည်နယ်ခန်းမများ၊ ဘန်ကောက်မြို့နှင့် ပြည်ပ...

ဇွန်လ ၃ ရက်နေ့တွင် ကျရောက်မည့် ထိုင်းနိုင်ငံ မိဖုရားကြီး၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ထိုင်းတစ်နိုင်ငံလုံးရှိ ပြည်နယ်ခန်းမများ၊ ဘန်ကောက်မြို့နှင့် ပြည်ပရှိ ထိုင်းသံရုံး၊ သံကောင်စစ်ဝန်ရုံးများတွင်ပါ ခမ်းခမ်းနားနား ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။ ဝန်ကြီးချုပ်ရုံးက ကြီးမှူး၍ ရုံးဌာနများနှင့် ပူးပေါင်းကာ ဘန်ကောက်မြို့ရှိ အထင်ကရနေရာ ၃ ခုဖြစ်သည့် Wat Ratchathiwat Wihan၊ Siam Paragon နှင့် Sanam Luang တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်သည်။

Wat Ratchathiwat Wihan တွင် ဇွန် ၁ ရက်မှ ၃ ရက်အထိ ဗုဒ္ဓဘာသာတရားတော် ရွတ်ဖတ်ပွဲများ၊ တော်ဝင်သမိုင်းပြပွဲများနှင့် ခုန် (Khon) ဇာတ်သဘင်၊ ရုပ်သေး၊ နိုရာ (Nora) အက စသည့် ယဉ်ကျေးမှုဖျော်ဖြေပွဲများ ပါဝင်မည်ဖြစ်သည်။ Siam Paragon တွင်လည်း ဇွန် ၂ ရက်မှ ၇ ရက်အထိ အထိမ်းအမှတ်ပြပွဲ ပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲသို့ ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်မည်ဖြစ်သည်။ မွေးနေ့ဖြစ်သည့် ဇွန် ၃ ရက်တွင် ဆနမ်လွမ် (Sanam Luang) ၌ အဓိကအခမ်းအနားအဖြစ် နံနက်ပိုင်းတွင် သံဃာတော် ၁၄၉ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်းနှင့် ည ၇ နာရီ ၂၉ မိနစ်တွင် ဆီမီးထွန်းညှိပူဇော်ပွဲကို တစ်နိုင်ငံလုံးနှင့်ပြိုင်တူ ကျင်းပသွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်ရုံးအနေဖြင့် အထိမ်းအမှတ် ရင်ထိုးတံဆိပ် ၃ သိန်း ထုတ်လုပ်ထားပြီး ပြည်သူများအနေဖြင့်လည်း အလှူအတန်းနှင့် ပရဟိတလုပ်ငန်းများတွင် ပါဝင်ကြရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

46