back

ထိုင်းနိုင်ငံ၊စံခလပူရီမြို့နယ်တွင် ၃ ရက်ကြာ ပျောက်ဆုံးနေသည့် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံထားရ

Jun 02 • 1:46 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊စံခလပူရီမြို့နယ်တွင် ၃ ရက်ကြာ ပျောက်ဆုံးနေသည့် ၇နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ရက်စက်စွာ သတ်ဖြတ်ခံထားရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ထီးခလုံးရွာတွင် ၃ ရက်ကြာ ပျောက်ဆုံးနေသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ရက်စက်စွာ သတ်ဖြတ...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ထီးခလုံးရွာတွင် ၃ ရက်ကြာ ပျောက်ဆုံးနေသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ရက်စက်စွာ သတ်ဖြတ်ခံထားရသည့် ဒဏ်ရာများနှင့်အတူ ဇွန်လ ၁ ရက် (ယနေ့) တွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ရုပ်အလောင်းကို ထောင်ဖာဖွန်-စံခလပူရီသွား လမ်းမကြီး (လမ်းမ ၃၂၃) အနီးရှိ ထီးခလုံးဘိုးဘိုးနတ်စင်မှ မီတာ ၂၀၀ ခန့်အကွာ ရော်ဘာခြံအတွင်းရှိ ဝါးရုံအောက်တွင် ဒေသခံများနှင့် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဆေးရုံတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့၏ ကနဦးစစ်ဆေးချက်အရ ကလေးငယ်မှာ မှောက်လျက်အနေအထားဖြင့် သေဆုံးနေပြီး၊ မေးစေ့အောက်တွင် ဒဏ်ရာ ၂ ချက်နှင့် မျက်နှာပေါ်တွင် မာကျောသည့်အရာဖြင့် အရိုက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကာ အနီးနားတွင် ပန်းရောင်ဖိနပ်တစ်စုံကိုလည်း တွေ့ရှိခဲ့သည်။အသက် ၄၀ အရွယ် မွန်လူမျိုးဖြစ်သူ မိခင်၏ ပြောပြချက်အရ လွန်ခဲ့သည့် ၃ ရက်က သမီးဖြစ်သူမှာ မုန့်သွားဝယ်ရန် အိမ်မှထွက်သွားရာမှ ပျောက်ဆုံးသွားခဲ့သဖြင့် ရဲစခန်း၌ တိုင်ချက်ဖွင့်ကာ ရွာသားများနှင့်အတူ လိုက်လံရှာဖွေခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာနှင့် နီးကပ်စွာ နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို သံသယရှိသူအဖြစ် ဖမ်းဆီးစစ်ဆေးနေပြီး၊ ၎င်းအား ဆီးစစ်ဆေးရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း (ဆီးခရမ်းရောင်ထွက်ကြောင်း) စစ်ဆေးတွေ့ရှိရကာ စစ်ဆေးမေးမြန်းမှုများအပေါ် ထစ်ထစ်ငေါ့ငေါ့ဖြင့် လွှဲဖယ်ဖြေဆိုနေကြောင်း သိရသည်။ ယခုလူသတ်မှုနှင့် ပတ်သက်၍ ကျူးလွန်သူကို အမြန်ဆုံး အရေးယူနိုင်ရေးအတွက် စံခလပူရီရဲတပ်ဖွဲ့က အဖွဲ့နှစ်ဖွဲ့ခွဲကာ သက်သေအထောက်အထားများကို အပူတပြင်း စုဆောင်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

26