back

တောင်ကိုရီးယားနိုင်ငံ Hanwha Aerospace လေကြောင်းနှင့်အာကာသစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

Jun 01 • 1:26 PM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနိုင်ငံ Hanwha Aerospace လေကြောင်းနှင့်အာကာသစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၅ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရ

တောင်ကိုရီးယားနိုင်ငံ၏ အဓိကကာကွယ်ရေးနှင့် လေကြောင်းအာကာသလုပ်ငန်းတစ်ခုဖြစ်သည့် Hanwha Aerospace က လုပ်ကိုင်နေသော ဒေဂျောင်မြို့ရှိ စက်ရုံတစ်ခုတွင် ယနေ့ ဒေသစံတော်ခ...

တောင်ကိုရီးယားနိုင်ငံ၏ အဓိကကာကွယ်ရေးနှင့် လေကြောင်းအာကာသလုပ်ငန်းတစ်ခုဖြစ်သည့် Hanwha Aerospace က လုပ်ကိုင်နေသော ဒေဂျောင်မြို့ရှိ စက်ရုံတစ်ခုတွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က ပြင်းထန်သော ပေါက်ကွဲမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရမီးသတ်တပ်ဖွဲ့က ပြောကြားသည်။ ဆိုးလ်မြို့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာရှိ အဆင့်မြင့်လက်နက်နည်းပညာများနှင့် ဒုံးပျံတွန်းအားပေးစက်များ ထုတ်လုပ်ရာ အဆိုပါစက်ရုံအတွင်း ပေါက်ကွဲမှုကြောင့် ရုပ်အလောင်းများမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းခဲ့သဖြင့် မည်သူမည်ဝါဖြစ်ကြောင်း မခွဲခြားနိုင်သေးဘဲ၊ အသက်ရှင်ကျန်ရစ်သူ ၂ ဦးမှာမူ လွတ်မြောက်လာခဲ့သော်လည်း ၁ ဦးမှာ မီးလောင်ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။ လက်ရှိတွင် အမျိုးသားလုံခြုံရေးဥပဒေအရ စက်ရုံတွင်းအခြေအနေကို အကန့်အသတ်ဖြင့်သာ စစ်ဆေးနိုင်သော်လည်း ပေါက်ကွဲရသည့်အကြောင်းရင်းကို အာဏာပိုင်များက ဆက်လက်စုံစမ်းနေသည်

news-view-count-icon

18