back

ဂျပန်၌ဆေးခြောက်အနွယ်ဝင် ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် CBN ကို ယနေ့ ဇွန်လ ၁ ရက်မှစတင်၍ ပိတ်ပင်

Jun 01 • 4:58 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ဆေးခြောက်အနွယ်ဝင် ဒြပ်ပေါင်းတစ်မျိုးဖြစ်သည့် CBN ကို ယနေ့ ဇွန်လ ၁ ရက်မှစတင်၍ ပိတ်ပင်

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော Cannabinol (CBN) ကို ယနေ့ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထုတ်လုပ်ခြင်း၊ ရောင်းချခြင...

ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးခြောက်ပင်မှ ထုတ်ယူရရှိသည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော Cannabinol (CBN) ကို ယနေ့ ဇွန်လ ၁ ရက်နေ့မှစတင်ကာ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် သုံးစွဲခြင်းတို့ကို လုံးဝပိတ်ပင်တားမြစ်ရန် စီစဉ်နေပြီဖြစ်သည်။ စိတ်အပန်းပြေစေရန်နှင့် အိပ်ပျော်စေရန်ဟုဆိုကာ CBN ပါဝင်သော ကွတ်ကီးများ၊ ဂျယ်လီများနှင့် အီးစီးကရက် (E-cigarettes) များကို လက်ရှိတွင် တရားဝင်ရောင်းချနေသော်လည်း ၎င်းနှင့်ပတ်သက်သည့် ကျန်းမာရေးထိခိုက်မှု သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ပြီးခဲ့သည့်နှစ် မေလက တက္ကသိုလ်ကျောင်းသားတစ်ဦး CBN ပါဝင်သော ကွတ်ကီးများကို စားသုံးပြီးနောက် စိတ်ကယောင်ခြောက်ခြားဖြစ်ကာ အဆောင်ဒုတိယထပ်မှ ခုန်ချခဲ့သည့် ဖြစ်စဉ်အပါအဝင် ဘေးထွက်ဆိုးကျိုးများ ရှိလာခဲ့သည်။ အဆိုပါဖြစ်စဉ်များနောက်ပိုင်း တိရစ္ဆာန်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ CBN သည် စိတ်ကယောင်ခြောက်ခြားဖြစ်ခြင်း (Hallucination) ကဲ့သို့သော လက္ခဏာများကို မြင့်မားစွာ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ရာ အစိုးရအနေဖြင့် ၎င်းဒြပ်ပေါင်းကို ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများဆိုင်ရာ ဥပဒေအရ စောင့်ကြည့်ထိန်းချုပ်ရမည့် "သတ်မှတ်မူးယစ်ဆေးဝါး" (Designated Drug) အဖြစ် ပြောင်းလဲသတ်မှတ်ကာ တင်းကျပ်စွာ အရေးယူပိတ်ပင်သွားမည်ဖြစ်သဖြင့် ခရီးသွားများနှင့် ဒေသခံများ သတိပြုရန် နှိုးဆော်ထားသည်။

news-view-count-icon

17