back

မလေးရှား၌ ဇွန်လ ၁ ရက်မှစတင်၍ B15 ဇီဝဒီဇယ် (Biodiesel) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်အသုံးပြုမည်

Jun 01 • 3:44 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှား၌ ဇွန်လ ၁ ရက်မှစတင်၍ B15 ဇီဝဒီဇယ် (Biodiesel) ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်အသုံးပြုမည်

မလေးရှားအစိုးရသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ရန်၊ ပြည်ပမှ ရေနံတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအစီအစ...

မလေးရှားအစိုးရသည် နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို မြှင့်တင်ရန်၊ ပြည်ပမှ ရေနံတင်သွင်းမှုအပေါ် မှီခိုနေရမှုကို လျှော့ချရန်နှင့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်ကို အရှိန်မြှင့်ရန်အတွက် စားအုန်းဆီ ၁၅ ရာခိုင်နှုန်း ပါဝင်သော "B15 Biodiesel" စနစ်သစ်ကို ဇွန်လ ၁ ရက်နေ့မှစတင်ကာ သယ်ယူပို့ဆောင်ရေးကဏ္ဍတစ်ခုလုံးတွင် မဖြစ်မနေ အသုံးပြုရမည်ဟု ထုတ်ပြန်လိုက်သည်။ ဤပြောင်းလဲမှုသည် မကြာသေးမီက အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံဈေးကွက် မတည်ငြိမ်မှုအပေါ် တုံ့ပြန်သည့် ဗျူဟာမြောက် ခြေလှမ်းတစ်ခုလည်းဖြစ်သည်။

အဆိုပါ B15 စီမံကိန်းကြောင့် မလေးရှားနိုင်ငံ၏ ပြည်တွင်းစားအုန်းဆီ သုံးစွဲမှုမှာ တစ်နှစ်လျှင် တန်ချိန် ၈၀၁,၀၀၀ ခန့်အထိ (ယခင် B10 စနစ်ထက် တန်ချိန် ၃ သိန်းနီးပါးပိုမို၍) မြင့်တက်လာမည်ဖြစ်သည်။သို့သော်လည်း မလေးရှားနိုင်ငံသည် တစ်နှစ်လျှင် စားအုန်းဆီ တန်ချိန် သန်း ၂၀ ခန့် ထုတ်လုပ်နေပြီး ပြည်တွင်းသုံးစွဲရန် ပိုလျှံမှု တန်ချိန် ၄ သန်းခန့် ရှိနေသဖြင့် ယခုစီမံကိန်းကြောင့် နိုင်ငံတကာသို့ စားအုန်းဆီ တင်ပို့မှုပမာဏ (Export Volume) အပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း စိုက်ပျိုးရေးနှင့် ကုန်စည်ကဏ္ဍဝန်ကြီးဌာနက အတည်ပြုထားသည်။ အစိုးရအနေဖြင့် ဤအစီအစဉ်ကို လိုင်စင်ရစက်ရုံ ၁၉ ခုနှင့် ဖြန့်ဖြူးရေးစခန်း ၃၄ ခုမှတစ်ဆင့် စတင်သွားမည်ဖြစ်ပြီး၊ နောင်တွင် B20 မှ B50 အထိ အဆင့်ဆင့် တိုးမြှင့်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

news-view-count-icon

16