ဗီယက်နမ်၌၂၀၂၆ ခုနှစ် ဒါနန်းနိုင်ငံတကာမီးရှူးမီးပန်းပွဲတော် (DIFF 2026) ကို မေလ ၃၀ ရက် ညပိုင်းက ဟန်မြစ် (Han River) ပေါ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အိမ်ရှင်ဗီယက်နမ်အဖွဲ့ (ဒါနန်းအဖွဲ့) နှင့် လက်ရှိချန်ပီယံ တရုတ်အဖွဲ့တို့က အစီအစဉ်သစ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုနှစ်ပွဲတော်ကို “သဘာဝတရား” (Nature) ဟူသော ခေါင်းစဉ်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး၊ ဗီယက်နမ်အဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သတင်းစကားကို ပုံဖော်တင်ဆက်ခဲ့ကာ တရုတ်အဖွဲ့ကမူ အရှေ့တိုင်းအနုပညာဟန် မီးရှူးမီးပန်းဒီဇိုင်းများဖြင့် အဆန်းသစ်ဆုံး ယှဉ်ပြိုင်ခဲ့ကြသည်။ ဇူလိုင်လ ၁၁ ရက်နေ့အထိ ကြာမြင့်မည့် အဆိုပါပွဲတော်တွင် ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် ဩစတြေးလျ အပါအဝင် ကမ္ဘာ့အဆင့်မီ မီးရှူးမီးပန်းအဖွဲ့ ၁၀ ဖွဲ့က ရက်သတ္တပတ် ၆ ပတ်ကြာ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။
Jun 01 • 3:21 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


