back

ထိုင်းတွင် နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖခင်ဖြစ်သူကို သားဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

May 31 • 12:00 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖခင်ဖြစ်သူကို သားဖြစ်သူက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ပက်ချာဘူရီခရိုင်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ (မေလ ၃၁ ရက်) နံနက်ပိုင်းက ဖခင်ဖြစ်သူ အတ်ဆစ်ကို အသက် ၂၁ နှစ်အရွယ် သားဖြစ်သူ ဆီရာဒါနိုင်းက သေနတ်ဖြင့် ၃ ...

ထိုင်းနိုင်ငံ၊ ပက်ချာဘူရီခရိုင်ရှိ နေအိမ်တစ်လုံးတွင် ယနေ့ (မေလ ၃၁ ရက်) နံနက်ပိုင်းက ဖခင်ဖြစ်သူ အတ်ဆစ်ကို အသက် ၂၁ နှစ်အရွယ် သားဖြစ်သူ ဆီရာဒါနိုင်းက သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပစ်ခတ်ခံရမှုကြောင့် ဖခင်ဖြစ်သူတွင် တင်ပါး၊ ဘယ်ဘက်ပေါင်နှင့် ဝမ်းဗိုက်တို့၌ သေနတ်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရပြီး၊ ပြစ်မှုကျူးလွန်သူ သားဖြစ်သူကို ရဲတပ်ဖွဲ့က အနီးနားရှိ ဆွေမျိုးနေအိမ်တစ်လုံးတွင် ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူ သားဖြစ်သူက ၎င်းအား ဖခင်ဖြစ်သူက နှစ်ပေါင်းများစွာ သေနတ်ဖြင့်ထောက်ကာ ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် စိတ်နာကြည်းနေမိရာမှ နောက်ဆုံး စကားများရန်ဖြစ်ရာတွင် ဒေါသမထိန်းနိုင်ဘဲ ပစ်ခတ်မိခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က သားဖြစ်သူ ဆီရာဒါနိုင်းကို လူသတ်ရန် ကြံစည်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ ခွင့်ပြုချက်မရှိဘဲ အများပြည်သူရှေ့တွင် သေနတ်ကိုင်ဆောင်မှုတို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။

news-view-count-icon

20