ကမ္ဘာကြီးသည် နိုင်ငံများက ရင်ဆိုင်ရမည့် အန္တရာယ်များစွာနှင့် မရေရာမှုများ ဝန်ရံနေကြောင်း သောကြာနေ့က အာရှ၏ ထိပ်တန်းကာကွယ်ရေးဖိုရမ်ဖြစ်သော ရှန်ဂရီလာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ် သမ္မတ တိုလမ်က ပြောကြားခဲ့သည်။ ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများထဲတွင် နိုင်ငံတကာနည်းဥပဒေနှင့် ဥပဒေများ ယိုယွင်းပျ-က်စီးလာခြင်း၊ တိုးတက်မှု နှေးကွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းကဲ့သို့သော ဖွံ့ဖြိုးတိုးတက်မှုပုံစံများ၏ အကျပ်အတည်းနှင့် နိုင်ငံများအကြား ယုံကြည်မှုဆိုင်ရာ အကျပ်အတည်းတို့ ပါဝင်သည်ဟု ၎င်း၏ အဓိကမိန့်ခွန်းတွင် သမ္မတ တူလမ်က ပြောကြားခဲ့သည်။ 
May 31 • 10:15 AM
ဗီယက်နမ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


