ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သူ အရေအတွက်ကို ထိန်းချုပ်လျှော့ချနိုင်ရန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်မှုစနစ်များကို ပိုမိုတင်းကျပ်ရန်အတွက် လာမည့်ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံခြားသားများအတွက် ဗီဇာလျှောက်ထားခနှင့် သက်တမ်းတိုးခ (Visa Fees) များကို သိသိသာသာ တိုးမြှင့်ကောက်ခံသွားရန် စီစဉ်နေသည်။ ယခုကဲ့သို့ ဗီဇာကြေးများ ပြင်ဆင်သတ်မှတ်ခြင်းသည် ဗီဇာစည်းမျဉ်းများကို အလွဲသုံးစားလုပ်၍ အလုပ်လုပ်ကိုင်နေသူများကို ဟန့်တားနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ရရှိလာမည့် ဘတ်ဂျက်ငွေများကို လူဝင်မှုကြီးကြပ်ရေးရုံးများ၏ ဒစ်ဂျစ်တယ်စနစ် အဆင့်မြှင့်တင်ခြင်းနှင့် စစ်ဆေးရေးလုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်ချောမွေ့စေရေးတို့အတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
May 31 • 4:11 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


