back

ထိုင်းနိုင်ငံတွင် လူငယ်များ ဆေးလိပ်နှင့် အီးစီးကရက် လုံးဝဝယ်ယူ၍မရနိုင်မည့် ဥပဒေမူကြမ်းကို စတင်လေ့လာနေ

May 31 • 2:04 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် လူငယ်များ ဆေးလိပ်နှင့် အီးစီးကရက် လုံးဝဝယ်ယူ၍မရနိုင်မည့် ဥပဒေမူကြမ်းကို စတင်လေ့လာနေ

ထိုင်းနိုင်ငံတွင် အနာဂတ်မျိုးဆက်သစ် လူငယ်များအကြား ဆေးလိပ်နှင့် အီးစီးကရက် စွဲလန်းမှုကို ဖြတ်တောက်ရန်နှင့် ရေရှည်ကျန်းမာရေးစရိတ်များ လျှော့ချနိုင်ရန်အတွက် သတ်မှ...

ထိုင်းနိုင်ငံတွင် အနာဂတ်မျိုးဆက်သစ် လူငယ်များအကြား ဆေးလိပ်နှင့် အီးစီးကရက် စွဲလန်းမှုကို ဖြတ်တောက်ရန်နှင့် ရေရှည်ကျန်းမာရေးစရိတ်များ လျှော့ချနိုင်ရန်အတွက် သတ်မှတ်ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို တစ်သက်လုံး ဆေးလိပ်ဝယ်ခွင့် ပိတ်ပင်မည့် "နီကိုတင်းကင်းစင်ရေး မျိုးဆက်သစ် ဥပဒေမူကြမ်း" ပြဌာန်းရန် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက စတင်လေ့လာနေပြီဖြစ်သည်။ယခုဥပဒေမှာ လက်ရှိသောက်နေသူများကို ပိတ်ပင်ခြင်းမဟုတ်ဘဲ ဥပဒေစတင်ချိန်တွင် အသက် ၁၀ နှစ် သို့မဟုတ် ၁၂ နှစ်ခန့်သာရှိသေးသည့် ကလေးများကို ပထမဆုံးပိတ်ပင်မည့်အုပ်စုအဖြစ် သတ်မှတ်ကာ၊ ၎င်းတို့သည် အသက် ၂၀ ပြည့်လျှင်ပင် တစ်သက်လုံး ဆေးလိပ်နှင့် နီကိုတင်းပစ္စည်းများ ဝယ်ယူခွင့်ရတော့မည် မဟုတ်ပေ။ ဤနည်းလမ်းဖြင့် ဆေးရွက်ကြီးစိုက်တောင်သူများနှင့် စက်ရုံများကို ချက်ချင်းမထိခိုက်စေဘဲ ဆေးလိပ်သောက်သူအသစ် လုံးဝတိုးမလာစေရန် တဖြည်းဖြည်းချင်း ဖြတ်တောက်သွားမည်ဖြစ်ပြီး၊ တောင်သူများအတွက်လည်း အခြားသီးနှံပြောင်းလဲစိုက်ပျိုးနိုင်ရန် ပံ့ပိုးပေးမည်ဖြစ်သည်။နိုင်ငံတကာတွင်လည်း ၂၀၀၇ ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို မော်လ်ဒိုက်နိုင်ငံက ၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ ၂၀၀nine ခုနှစ်နောက်ပိုင်း မွေးဖွားသူများကို ဗြိတိန်နိုင်ငံက ၂၀၂၆ ခုနှစ်တွင်လည်းကောင်း ဆေးလိပ်ဝယ်ခွင့် တစ်သက်လုံးပိတ်ပင်သည့် ဥပဒေများ အသီးသီးအတည်ပြုခဲ့ကြသည်။ ထိုင်းနိုင်ငံအနေဖြင့်လည်း မျိုးဆက်သစ်များကို ဆေးလိပ်ငွေ့အန္တရာယ်မှ ကာကွယ်ရန် ပြည်သူလူထု သဘောထားအမြင်များ စတင်ကောက်ခံကာ အဆင့်ဆင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19