back

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

May 31 • 1:59 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူဟာအဖွဲ့...

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဆင့်မြင့်အစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူဟာအဖွဲ့ဝင်၊ နိုင်ငံရေးနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် မေလ ၂၇ ရက် (ဒေသစံတော်ချိန်) တွင် အမေရိကန် ဗျူဟာနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

ဝန်ကြီး ဝမ်ယိက ကုလသမဂ္ဂကို ပြန်လည်ဦးမော့လာစေရန် လုံခြုံရေးကောင်စီကို အားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်-အမေရိကန် ဆက်ဆံရေး လမ်းကြောင်းသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲအရ နှစ်နိုင်ငံဆက်ဆံရေးကို "တည်ဆောက်မှုပုံစံ မဟာဗျူဟာမြောက် တည်ငြိမ်သော ဆက်ဆံရေး" အဖြစ် သတ်မှတ်ရန် သဘောတူညီခဲ့ကြပြီး၊ သမ္မတ ရှီကျင့်ဖျင်၏ ပြောကြားချက်အရ တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ဆန်းသစ်ရေးနှင့် အမေရိကန်နိုင်ငံ၏ ပြန်လည်ကြီးကျယ်ခမ်းနားလာရေး (Make America Great Again) တို့သည် တစ်ပြိုင်နက်တည်း အောင်မြင်နိုင်ကာ ကမ္ဘာကြီးကို အကျိုးပြုနိုင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ ထိုင်ဝမ်အရေးနှင့် ပတ်သက်၍လည်း "ထိုင်ဝမ်လွတ်လပ်ရေး" လှုပ်ရှားမှုနှင့် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးသည် ဆန့်ကျင်ဘက်ဖြစ်ပြီး "တရုတ်တစ်နိုင်ငံတည်းမူဝါဒ" ကိုသာ စွဲကိုင်ရမည်ဟု ၎င်းက အလေးအနက် ပြောကြားခဲ့သည်။အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် ကမ္ဘာ့အရေးအကြီးဆုံး ဆက်ဆံရေးဖြစ်ပြီး တရုတ်စီးပွားရေး၏ ကြံ့ခိုင်မှုကို ယုံကြည်ကာ တရုတ်ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြသည်။ ဝမ်ယိသည် ဆွေးနွေးပွဲတွင် တရုတ်စီးပွားရေး၊ AI (ဉာဏ်ရည်တုနည်းပညာ) နှင့် အီရန်နိုင်ငံ အခြေအနေများနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

12