back

တရုတ်တင်းနစ်မယ် ဝမ်ရှီးယွီ ယူကရိန်းပြိုင်ဘက်ကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း နောက်ဆုံး ၁၆ ဦးအဆင့်သို့ ကစားသမားဘဝ ပထမဆုံးအကြိမ် တက်ရောက်

May 30 • 1:40 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်တင်းနစ်မယ် ဝမ်ရှီးယွီ ယူကရိန်းပြိုင်ဘက်ကို အနိုင်ယူပြီး ပြင်သစ်အိုးပင်း နောက်ဆုံး ၁၆ ဦးအဆင့်သို့ ကစားသမားဘဝ ပထမဆုံးအကြိမ် တက်ရောက်

တရုတ်တင်းနစ်မယ် ဝမ်ရှီးယွီ (Wang Xiyu) သည် ယူကရိန်းတင်းနစ်မယ် ယူလီယာ စတာရိုဒပ်ဆီဗာ (Yuliia Starodubtseva) ကို ရမှတ် ၆-၃၊ ၇-၅ ဖြင့် မေလ ၂၉ ရက်၌ အနိုင်ရရှိကာ ပြင်...

တရုတ်တင်းနစ်မယ် ဝမ်ရှီးယွီ (Wang Xiyu) သည် ယူကရိန်းတင်းနစ်မယ် ယူလီယာ စတာရိုဒပ်ဆီဗာ (Yuliia Starodubtseva) ကို ရမှတ် ၆-၃၊ ၇-၅ ဖြင့် မေလ ၂၉ ရက်၌ အနိုင်ရရှိကာ ပြင်သစ်အိုးပင်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၏ နောက်ဆုံး ၁၆ ဦးအဆင့်သို့ ၎င်း၏ ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် တက်ရောက်သွားခဲ့ကြောင်း သိရသည်။ အသက် ၂၅ နှစ်အရွယ် ဝမ်ရှီးယွီသည် ပထမပွဲစဉ်အစ၌ ၀-၃ ဖြင့် နောက်ကျနေခဲ့သော်လည်း စတုတ္ထပွဲငယ်တွင် ပြိုင်ဘက်၏ ဆာ့ဗ်ကို ချိုးဖျက်ကာ ခြောက်ပွဲဆက်တိုက် ပြန်လည်အနိုင်ယူခဲ့ပြီး၊ ဒုတိယပွဲစဉ်၌လည်း ပြင်းထန်သော အပြန်အလှန်ကစားမှုများကြားမှ ပွဲစဉ်ပြီးခါနီးတွင် စိတ်တည်ငြိမ်စွာဖြင့် အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

14