ထိုင်းနိုင်ငံတွင် လိင်လုပ်သားများကို သာမန်အလုပ်သမားများကဲ့သို့ တန်းတူအခွင့်အရေးနှင့် အကာအကွယ်များ ပေးနိုင်ရန် ရည်ရွယ်သည့် "လိင်ဝန်ဆောင်မှုပေးသူများ အကာအကွယ်ပေးရေး ဥပဒေကြမ်း" ကို လိင်လုပ်သားများအရေး ဆောင်ရွက်နေသည့် The Empower ဖောင်ဒေးရှင်းက မေလ ၂၈ ရက် နံနက်ပိုင်းတွင် ထိုင်းလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါ ဖောင်ဒေးရှင်းက လိင်လုပ်သားများကို ရာဇဝတ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်ထားပြီး ငွေညှစ်ခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းများကို ကြုံတွေ့စေသည့် ခေတ်မညီတော့သော ၁၉၉၆ ခုနှစ် ပြည့်တန်ဆာတားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေအား ဖျက်သိမ်းကာ ဥပဒေသစ် ပြဋ္ဌာန်းပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ယင်းဥပဒေမူကြမ်း တင်သွင်းမှုကို အောက်လွှတ်တော်အကြံပေး ဆိုဖွန်ဇာရမ်အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီကိုယ်စားလှယ်များ၊ ပြည်သူ့ပါတီနှင့် ဖွေထိုင်းပါတီ ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ပြုလုပ်ခဲ့ပြီး၊ ဖောင်ဒေးရှင်းအနေဖြင့် ၎င်းတို့အပေါ် လေးစားမှု၊ အခြေခံအခွင့်အရေး တန်းတူရရှိမှုနှင့် လုပ်ငန်းရှင်၊ ဖောက်သည်များပါ ဘေးကင်းလုံခြုံစေမည့် ဥပဒေမျိုး ပေါ်ပေါက်လာစေရန် တောင်းဆိုထားခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းတွင် လိင်လုပ်သားများအား အခြားအလုပ်သမားများနည်းတူ အခွင့်အရေးနှင့် အကာအကွယ်ပေးမည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း
May 30 • 9:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


