ထိုင်းနိုင်ငံတွင် LGBTQIAN+ အသိုင်းအဝိုင်း၏ မတူကွဲပြားမှု၊ တန်းတူညီမျှမှုနှင့် လွတ်လပ်ခွင့်များကို ဂုဏ်ပြုသောအားဖြင့် လာမည့် ဇွန်လ Pride Month အထိမ်းအမှတ်ပွဲများကို "Patch the World with Pride" ဆောင်ပုဒ်ဖြင့် ဘန်ကောက်အပါအဝင် နိုင်ငံတစ်ဝန်းရှိ ဒေသအသီးသီးတွင် တစ်လလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။ ယင်းလှုပ်ရှားမှုတွင် အရောင်စုံလင်စွာ ပါဝင်မည့် စီတန်းလှည့်လည်ပွဲများ၊ ဂီတဖျော်ဖြေပွဲများ၊ အနုပညာပြပွဲများနှင့် ဆွေးနွေးပွဲများ ကဏ္ဍစုံ ပါဝင်မည်ဖြစ်ပြီး၊ ဘန်ကောက်မြို့၌ မေလ ၃၁ ရက်တွင်ကျင်းပမည့် Bangkok Pride Festival 2026 အပါအဝင် ဇွန်လအတွင်း အလယ်ပိုင်း အယုဒ္ဓယ၊ မြောက်ပိုင်း ဖယောင်း၊ အရှေ့မြောက်ပိုင်း လွယ်နှင့် ကိုရတ်၊ အရှေ့ပိုင်း ပတ္တရား၊ တောင်ပိုင်း ဖူးခက်၊ ထရန်း၊ ကရာဘီနှင့် ဟတ်ယိုင် စသည့် ဒေသအသီးသီးရှိ သတ်မှတ်နေရာများ၌ ရက်စွဲအလိုက် အုန်းအုန်းကျွက်ကျွက် ကျင်းပပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် "Patch the World with Pride" ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် Pride Month ပွဲတော်များကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခမ်းနားစွာ ကျင်းပမည်
May 30 • 6:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


