ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်ဒေသရှိ ဘုန်းကြီးကျောင်းများနှင့် သံဃာ့ရိပ်သာများတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထားမရှိသည့် နိုင်ငံမဲ့ရဟန်းတော်များ ရှိ၊ မရှိကို မေလ ၂၈ ရက်က မဲဆောက်ရဲစခန်း၊ ဗုဒ္ဓဘာသာသာသနာရေးဌာနနှင့် ဒေသခံသံဃာ့နာယကအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ၃ လတာ စီမံချက်အရ တစ်နိုင်ငံလုံးရှိ နိုင်ငံခြားသားလုပ်သားများကို အဖွဲ့စုံဖြင့် အရှိန်အဟုန်မြှင့် စစ်ဆေးလျက်ရှိရာ မေလ ၂၅ ရက်ကလည်း မဲဆောက်မြို့တွင် လုပ်ပိုင်ခွင့်မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာလုပ်သား ၈ ဦးကို ဖမ်းဆီးခဲ့ပြီး နယ်စပ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကိုလည်း နေ့စဉ်နီးပါး ဖမ်းဆီးနေကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာနေထိုင်သူများဆိုင်ရာအဖွဲ့အစည်း (IOM) ၏ ၂၀၂၅ ခုနှစ် အချက်အလက်များအရ ထိုင်းနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်းခန့် ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ ဘုန်းကြီးကျောင်းနှင့် သံဃာ့ရိပ်သာများကို ထိုင်းအာဏာပိုင်များ ဝင်ရောက်စစ်ဆေး
May 29 • 8:12 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


