back

တောင်ကိုရီးယားနိုင်ငံရှိ ထိပ်သီးကုမ္ပဏီကြီး ၂၁၀ခု ကို အွန်လိုင်းမှတစ်ဆင့် ရှယ်ယာရှင်များအစည်းအဝေး (e-GMS) မဖြစ်မနေကျင်းပရန် တရားရေးဝန်ကြီးဌာန ညွှန်ကြား

May 29 • 7:35 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားနိုင်ငံရှိ ထိပ်သီးကုမ္ပဏီကြီး ၂၁၀ခု ကို အွန်လိုင်းမှတစ်ဆင့် ရှယ်ယာရှင်များအစည်းအဝေး (e-GMS) မဖြစ်မနေကျင်းပရန် တရားရေးဝန်ကြီးဌာန ညွှန်ကြား

တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည်ပရှိ အသေးစားရှယ်ယာရှင်များ အချိန်နှင့် နေရာဒေသ ကန့်သတ်ချက်မရှိဘဲ ကုမ္ပဏီအဆုံးအဖြတ်များတွင် ပါဝင်မဲပေးနိုင...

တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနသည် ပြည်တွင်းနှင့် ပြည်ပရှိ အသေးစားရှယ်ယာရှင်များ အချိန်နှင့် နေရာဒေသ ကန့်သတ်ချက်မရှိဘဲ ကုမ္ပဏီအဆုံးအဖြတ်များတွင် ပါဝင်မဲပေးနိုင်စေရန်အတွက် စုစုပေါင်းပိုင်ဆိုင်မှု ဂျပန်ယန်း/ကိုရီးယားဝမ် ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံခန့်) နှင့်အထက်ရှိသော ထိပ်သီးကုမ္ပဏီကြီး ၂၁၀ကုမ္ပဏီ ကို လာမည့် ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ အွန်လိုင်းအီလက်ထရွန်နစ်စနစ်သုံး ရှယ်ယာရှင်များအစည်းအဝေး (e-GMS) မဖြစ်မနေ ကျင်းပရမည်ဟု ယနေ့ (မေလ ၂၈ ရက်) တွင် ဥပဒေကြမ်း ထုတ်ပြန်လိုက်သည်။ အဆိုပါ သတ်မှတ်ချက်တွင် KOSPI စတော့စျေးကွက်မှ ကုမ္ပဏီ ၂၀၁ ခုနှင့် KOSDAQ မှ ကုမ္ပဏီ ၉ ခု ပါဝင်ပြီး၊ စနစ်သစ်အရ ရှယ်ယာရှင်များသည် အင်တာနက်မှတစ်ဆင့် သတ်မှတ်ထားသော စိစစ်မှုများပြုလုပ်ကာ အဝေးရောက်တက်ရောက်ခြင်းနှင့် မဲပေးခြင်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ အစိုးရအနေဖြင့် စနစ်ကို အဆင်သင့်ဖြစ်စေရန် ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်တွင် ကိုရီးယားငွေကြေးသက်သေခံလက်မှတ်များ အပ်နှံရေးဌာန (KSD) နှင့် ပူးပေါင်းကာ အွန်လိုင်းအစည်းအဝေး စမ်းသပ်မှုများ (Mock Meeting) အရင်ဆုံး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15