ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီနှင့် မြေယာဝန်ကြီးဌာနတို့သည် ရေကြီးခြင်း၊ မိုးသည်းထန်ခြင်း၊ မြေပြိုခြင်းနှင့် မုန်တိုင်းဒီရေတက်ခြင်း စသည့် သဘာဝဘေး ၄ မျိုးအတွက် အဆင့် ၅ ဆင့်ပါဝင်သော မိုးလေဝသသတိပေးချက်စနစ်သစ်ကို ယမန်နေ့ (မေလ ၂၈ ရက်) မွန်းလွဲပိုင်းမှစတင်ကာ ပြောင်းလဲကျင့်သုံးလိုက်သည်။ စနစ်ဟောင်းမှာ ရှုပ်ထွေးပြီး နားလည်ရခက်ခဲသဖြင့် ပြည်သူများ အရေးပေါ်ရွှေ့ပြောင်းရာတွင် ပိုမိုရှင်းလင်းလွယ်ကူစေရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး၊ အဆင့် ၄ အခြေအနေအတွက် "Danger Warning" (အန္တရာယ်ရှိသတိပေးချက်) ဟူသော ကဏ္ဍသစ်ကို အသစ်တိုးမြှင့် သတ်မှတ်ထားသည်။ စနစ်သစ်အရ အဆင့် ၃ တွင် အဘိုးအဘွားများနှင့် ထိခိုက်လွယ်သူများ၊ အဆင့် ၄ တွင် ဒေသခံအားလုံး အမြန်ဆုံးရွှေ့ပြောင်းကြရန်ဖြစ်ပြီး၊ သဘာဝဘေးကျရောက်နေပြီဖြစ်သည့် အဆင့် ၅ တွင်မူ အရေးပေါ်အသက်အန္တရာယ်ကာကွယ်ရေး အစီအမံများ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ မိုးရာသီနှင့် တိုင်ဖွန်းရာသီမတိုင်မီ သဘာဝဘေးအန္တရာယ် သတိပေးချက်စနစ်သစ်ကို စတင်ကျင့်သုံး
May 29 • 4:21 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


