ကမ္ဘောဒီးယားအစိုးရသည် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားစည်းမျဉ်းများ ချိုးဖောက်ခဲ့သည့် ဗီယက်နမ်နိုင်ငံသား ၁၃၇ ဦးကို ဖမ်းဆီးကာ ၎င်းတို့၏ နိုင်ငံကူးနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းပေးအပ်ကာ ပြည်နှင်ဒဏ်ပေးလိုက်သည်။ အဆိုပါ ဗီယက်နမ်နိုင်ငံသားများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ နယ်စပ်ဂိတ်အသီးသီးမှတစ်ဆင့် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီး၊ ၎င်းတို့ကို ဗီယက်နမ်အာဏာပိုင်များက လက်ခံစစ်ဆေးစဉ်အတွင်း လူပြန်ပေးဆွဲမှုဖြင့် ဝရမ်းထုတ်ခံထားရသည့် ရာဇဝတ်ပြေး တရားခံတစ်ဦးကိုပါ ပူးတွဲဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
May 29 • 4:13 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


