back

ထိုင်းနိုင်ငံ၊ဘန်ကောက်၌ Pride Parade 2026 ပွဲတော်ကို မေလ ၃၁ ရက်တွင် အကြီးအကျယ် ကျင်းပမည်ဖြစ်၍ လမ်းပိတ်ဆို့မှုများရှိနိုင်

May 29 • 2:10 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်၌ Pride Parade 2026 ပွဲတော်ကို မေလ ၃၁ ရက်တွင် အကြီးအကျယ် ကျင်းပမည်ဖြစ်၍ လမ်းပိတ်ဆို့မှုများရှိနိုင်

မကြာမီ စတင်တော့မည့် Pride Month ကို ဂုဏ်ပြုသောအားဖြင့် "Bangkok Pride Parade 2026" လှည့်လည်ပွဲကြီးကို မေလ ၃၁ ရက် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီမှ ည ၁၀ နာရီအထိ ထိုင်...

မကြာမီ စတင်တော့မည့် Pride Month ကို ဂုဏ်ပြုသောအားဖြင့် "Bangkok Pride Parade 2026" လှည့်လည်ပွဲကြီးကို မေလ ၃၁ ရက် တနင်္ဂနွေနေ့ နေ့လယ် ၂ နာရီမှ ည ၁၀ နာရီအထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အခမဲ့ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲတော်တွင် ယာဉ်အစီးရေ ၁၅၀ ကျော် ပါဝင်လှည့်လည်မည်ဖြစ်ပြီး လမ်းကြောင်းအနေဖြင့် Silom Road နှင့် Chong Nonsi အနီးမှ စတင်ကာ Henri Dunant လမ်းအတိုင်း၊ ထိုမှတစ်ဆင့် Rama I လမ်းသို့ ညာဘက်ကွေ့၍ Thepha-Hasadin အားကစားကွင်းအထိ ချီတက်သွားမည် ဖြစ်သည်။ ပွဲကျင်းပမည့် မေလ ၃၁ ရက်နေ့ ညနေ ၄ နာရီမှ ၇ နာရီအထိ Siam တစ်ဝိုက်ရှိ လမ်းများကို အပြည့်အဝ ပိတ်ထားမည်ဖြစ်သောကြောင့် Silom, Sathorn နှင့် Rama I တစ်ဝိုက်တွင် ယာဉ်ကြောပိတ်ဆို့မှုများ ရှိလာနိုင်သဖြင့် ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်ရှောင်ရှားနိုင်ရန် သတိပေးထားသည်။

news-view-count-icon

20