back

ထိုင်းတွင် ခရီးသွားများအတွက် Arrival Card ကို ၃ မိနစ်ဖြင့် ဖြည့်နိုင်မည့် THIM အက်ပ် ထိုင်းလဝက မိတ်ဆက်မည်ဖြစ်

May 29 • 2:09 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ခရီးသွားများအတွက် Arrival Card ကို ၃ မိနစ်ဖြင့် ဖြည့်နိုင်မည့် THIM အက်ပ် ထိုင်းလဝက မိတ်ဆက်မည်ဖြစ်

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် Amazon Web Services (AWS)၊ Digital Identity ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ပြည်ပခရီးသွားများအတွက် THIM (Thailand Immigrati...

ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသည် Amazon Web Services (AWS)၊ Digital Identity ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ ပြည်ပခရီးသွားများအတွက် THIM (Thailand Immigration Management System) မိုဘိုင်းအက်ပလီကေးရှင်းကို လာမည့် အောက်တိုဘာ ၁ ရက်နေ့တွင် စတင်မိတ်ဆက်ရန် စီစဉ်နေကြောင်း မေလ ၂၉ ရက်တွင် သိရသည်။ယင်းစနစ်ကြောင့် အရင်က စာရွက်စာတမ်းဖြင့် ဖြည့်စွက်ရ၍ အချိန်ကြာမြင့်ခဲ့သော Arrival Card အဆင့်ကို ၃ မိနစ်ခန့်အထိ လျှော့ချပေးနိုင်မည် ဖြစ်သည်။ ခရီးသွားများအနေဖြင့် e-KYC စနစ်ဖြင့် ပတ်စ်ပို့နှင့် တိုက်ဆိုင်၍ တစ်ကြိမ်သာ မှတ်ပုံတင်ထားရန် လိုအပ်ပြီး၊ နောက်ပိုင်းခရီးစဉ်များတွင် အချက်အလက်အနည်းငယ်သာ ဖြည့်စွက်ရမည်ဖြစ်ကာ လေဆိပ်သို့ ရောက်ရှိချိန်တွင်လည်း ပတ်စ်ပို့စကင်ဖတ်ရုံဖြင့် အချက်အလက်များ တိုက်ရိုက်ချိတ်ဆက်သွားမည် ဖြစ်သည်။လက်ရှိတွင် ဘာသာစကား ၄ မျိုးဖြင့် စမ်းသပ်ဒေါင်းလုဒ်ဆွဲနိုင်နေပြီဖြစ်ပြီး နောက်ပိုင်းတွင် ၁၅ မျိုးအထိ တိုးမြှင့်သွားမည့်အပြင်၊ အဆိုပါအက်ပ်ကို ရေရှည်နေထိုင်သူ နိုင်ငံခြားသားများအတွက် ရက် ၉၀ သတင်းပို့ခြင်း၊ ဗီဇာသက်တမ်းတိုးခြင်းများကိုပါ လူကိုယ်တိုင်ရုံးသွားစရာမလိုဘဲ ဆောင်ရွက်နိုင်သည့် "Super App" အဖြစ် တိုးချဲ့ကာ မျက်နှာမှတ်မိစနစ် (Facial Recognition) ဖြင့် အလိုအလျောက်ဂိတ်များမှ ဖြတ်သန်းနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

27