မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်၍ မေလ ၂၁ ရက်တွင် မော်လမြိုင်မြို့ သာသနာ ၂,၅၀၀ မွန်ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၄,၀၀၀ ကျော်ရှိကြောင်း မေလ ၂၇ ရက်တွင် သိရသည်။ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းသူ ၅,၅၈၉ ဦးရှိသည့်အနက် ၅,၁၀၅ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၄,၄၄၂ ဦး အောင်မြင်ခဲ့သဖြင့် ယခုနှစ်တွင် အောင်ချက် ၉၀ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့သည်။အောင်မြင်သူများအနက် ထူးချွန်ဆုရရှိသူ ၃၅ ဦးနှင့် သမိုင်းတန်းအားလုံး ဖြေဆိုအောင်မြင်သူ ၁၄၂ ဦး ပါဝင်သည်။ မွန်ဒေသလုံးဆိုင်ရာ မွန်စာပေသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသီလဝန္တက ယခုကဲ့သို့ အောင်မြင်သူများပြားခြင်းအပေါ် ဝမ်းမြောက်ပြီး ဤကလေးများသည် အနာဂတ်တွင် မွန်စာပေ၊ ယဉ်ကျေးမှုနှင့် လူမျိုးဘာသာသာသနာ ထိန်းသိမ်းရေးတွင် ပါဝင်လာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း မိန့်ကြားသည်။
မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေစာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၄,၀၀၀ ကျော်ရှိပြီး အောင်ချက် ရာခိုင်နှုန်း မြင့်တက်လာ
May 28 • 3:05 AM
မြန်မာ
မွန်
မျှဝေမည်
| 23 | 0 | 0 | 0 |


