မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးကိုဦးဆောင်မောင်းနှင်မည့် ရတနာပုံမြို့သစ်စီမံကိန်းသည် ပြည် တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် နည်းပညာကဏ္ဍအတွက် အချက်အချာကျသော စီးပွားရေးအခွင့်အ လမ်းသစ်များစွာကို ဖန်တီးပေးနိုင်မည့်အလားအလာကောင်းများပိုင်ဆိုင်ထားသည်။ခေတ်မီဆန်းသစ်သော "Smart City"အသွင်သဏ္ဌာန်ဖြင့်ပေါ်ထွက်လာမည့် ရတနာပုံမြို့သစ်၏ ထူးခြား သော အနာဂတ်စီးပွားရေးအလားအလာ(၅)ခုကိုလည်း စိတ်ဝင်စားဖွယ်တွေ့မြင်နိုင်သည်။မြန်မာနိုင်ငံ၏ နည်းပညာမြို့တော် "Silicon Valley" ဖြစ်လာနိုင်မှု ရတနာပုံမြို့သစ်သည် အိုင်တီ၊ ဆော့ဖ်ဝဲလ်ထုတ်လုပ်မှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများအတွက် အထူးရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။ နောင်တွင် ပြည်တွင်း/ပြည်ပမှ နည်းပညာကုမ္ပဏီကြီးများ အခြေစိုက်ရာနေရာဖြစ်လာပြီး နိုင်ငံ၏အဓိကနည်းပညာဗဟိုချက်မဖြစ်လာရန် ရည်မှန်းထားသည်။
မြန်မာ့ "Silicon Valley"ဖြစ်လာမည့် ရတနာပုံမြို့သစ် အနာဂတ်စီးပွားရေးနှင့် နည်းပညာဗဟိုချက်၏ ထူး ခြားသောအလားအလာများ
May 27 • 11:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


