back

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိ

May 27 • 7:51 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုရစာရင်းတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိ

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင်သည်။နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြု...

အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော လုပ်ငန်းဆုတို့ ပါဝင်သည်။နှစ်စဥ် ဇွန်လ(၅) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် အစီအစဉ်တစ်ရပ်အနေဖြင့်ထည့်သွင်း၍ ဆုများပေးအပ်ချီးမြှင့်လျက်ရှိရာ ၂၀၂၆ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆုသတ်မှတ်ချက်များတွင် ဧရာဝတီတိုင်းမှ ဆု ၃ ဆု ရရှိခဲ့ကြောင်း သိရသည်။     ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် တက္ကသိုလ်/ကောလိပ်အဆင့် ဆောင်းပါးဆုရရှိသူများစာရင်းနှင့် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးဆုရရှိသူများထုတ်ပြန်ကြေငြာခဲ့ရာ ဧရာဝတီတိုင်း၊ပုသိမ်မြို့ အမှတ် ၆ အထက်တန်းကျောင်းမှ မောင်သန့်ထူးလွင်( grade 9)က အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

55