မကွေးမြို့နယ်၌ ငွေကျပ်သိန်း (၄၅၀၀) တန်ဖိုး၊ ပြည်ကြီးတံခွန် မြို့နယ်၌ ငွေကျပ် ၂၀၇ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိခဲ့ကြောင်း မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။မကွေးမြို့နယ် ကန်ပြားကျေးရွာအနီးတွင် မေ (၂၄) ရက်က တပ်ကုန်းမြို့ ဗိုလ်မင်းရောင်ရပ်ကွက်နေ ဟန်မင်းကို(ခ)မင်းမင်း (၄၈) နှစ် မောင်းနှင်လာသော TOYOTA LANDCRUIS ER PRADO အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ် ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၀၀၀၀) (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၄၅၀၀) ဖမ်းဆီးရမိသဖြင့် ဟန်မင်းကို(ခ)မင်းမင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
မကွေးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများဖမ်းဆီးရမိ
May 27 • 7:49 AM
မြန်မာ
မကွေး
မျှဝေမည်
| 19 | 0 | 0 | 0 |


