လာအိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ရက်များစွာ ပိတ်မိနေခဲ့သူ ခုနစ်ဦးထံသို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိရန် နီးကပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။ တစ်ရက်အတွင်း ၁၅ မီတာခန့်ရှိ အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့ပြီးနောက် ထိုအခြေအနေရောက်လာခြင်းဖြစ်သည်။ ဗီယန်ကျင်းမြို့၏ အရှေ့ဘက် ၁၂၅ ကီလိုမီတာအကွာ အလယ်ပိုင်း Xaisomboun ပြည်နယ်ရှိ ဂူထဲသို့ မေလ ၂၀ ရက်နေ့တွင် ၎င်းတို့ ခုနစ်ဦး ဝင်ရောက်ခဲ့ခြင်းဖြစ်သော်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုချိန်တွင် ပိတ်မိသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကယ်ဆယ်ရေးအဖွဲ့နှင့် အစိုးရပိုင် Laophatana သတင်းဌာနက ပြောကြားခဲ့သည်။အဖွဲ့ဝင် ၂၆ ဦးပါ ထိုင်းကယ်ဆယ်ရေးအဖွဲ့သည် တနင်္ဂနွေနေ့တွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်သို့ ပူးပေါင်းပါဝင်လာခဲ့ပြီး ပိတ်မိနေသူများရှိရာ အပိုင်းသို့ ရောက်ရှိရန် သိသာထင်ရှားသော တိုးတက်မှုရှိလာကြောင်း သတင်းပို့ခဲ့သည်။ 
May 27 • 7:42 AM
လာအို
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


