ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နှင့် ရွှေပေါက်ကံမြို့သစ်တို့တွင် ကုမ္ပဏီအရောင်းကားများကို ပစ်မှတ်ထား၍ တို့ဆေးအသုံးပြုကာ ငွေကြေးလုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလာကြောင်း မြို့ခံများထံမှ သိရသည်။ မေလ ၂၅ ရက် နံနက်ပိုင်းက ရွှေပေါက်ကံမြို့သစ် (၁၅) ရပ်ကွက်၊ စစ်ကိုင်းလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်ဖာလာပို့သည့် ကုမ္ပဏီကားကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက "ပိုက်ဆံအိတ်ကျန်ခဲ့သည်" ဟု အကြောင်းပြကာ ဝန်ထမ်းများကို တို့ဆေးဖြင့်တို့၍ ငွေကျပ် ၂၄ သိန်း လုယက်သွားခဲ့သဖြင့် ရဲစခန်းတွင် အမှုဖွင့်ထားရသည်။အလားတူ မေလ ၂၃ ရက်ကလည်း မြောက်ဒဂုံနှင့် ရွှေပေါက်ကံအဆက် ညောင်ရမ်းလမ်းတွင် ရေသန့်တင်ဆောင်လာသည့်ကားမှ ယာဉ်မောင်းအား ပိုက်ဆံကျန်ခဲ့သဖြင့် လိုက်ပေးသည်ဟုဆိုကာ တို့ဆေးအသုံးပြုပြီး ငွေကျပ် ၁၀ သိန်း လုယက်ခဲ့သကဲ့သို့၊ မေလ ၂၁ ရက်ကလည်း မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်းမကြီးပေါ်တွင် အစားအစာပို့သည့် ကုမ္ပဏီကားတစ်စီး ထိုသို့ပင် တို့ဆေးဖြင့် သိန်းဆယ်ချီ လုယက်ခံခဲ့ရသည်။ ရန်ကုန်မြို့တွင် ၂၀၂၆ ခုနှစ်အတွင်း တို့ဆေးအသုံးပြုကာ အနုနည်းဖြင့် လုယက်သည့်ဖြစ်စဉ်များ မြို့နယ်အများစု၌ ပိုမိုများပြားလာကြောင်း သိရသည်။
May 27 • 3:40 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 20 | 0 | 0 | 0 |


