back

ဗီယက်နမ်၊ဒါနန်းနိုင်ငံတကာမီးရှူးမီးပန်းပွဲတော်ကို အကောင်းဆုံးနေရာမှ ကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာအထိ ဈေးပေါက်နေ

May 27 • 2:38 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်၊ဒါနန်းနိုင်ငံတကာမီးရှူးမီးပန်းပွဲတော်ကို အကောင်းဆုံးနေရာမှ ကြည့်ရှုရန် အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာအထိ ဈေးပေါက်နေ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်း (Da Nang) မြို့တွင် ကျင်းပမည့် ၂၀၂၆ ဒါနန်းနိုင်ငံတကာမီးရှူးမီးပန်းပွဲတော် (DIFF 2026) ကို အကောင်းဆုံးနေရာမှ ထိုင်၍ ကြည့်ရှုနိုင...

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်း (Da Nang) မြို့တွင် ကျင်းပမည့် ၂၀၂၆ ဒါနန်းနိုင်ငံတကာမီးရှူးမီးပန်းပွဲတော် (DIFF 2026) ကို အကောင်းဆုံးနေရာမှ ထိုင်၍ ကြည့်ရှုနိုင်မည့် ပွဲကြည့်စင်လက်မှတ် စျေးနှုန်းများမှာ တစ်စောင်လျှင် အမြင့်ဆုံး ဗီယက်နမ်ဒေါင် ၁ သန်း (အမေရိကန်ဒေါ်လာ ၃၈ ဒေါ်လာခန့်) အထိ ရှိနေကြောင်း ၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့ သတင်းများအရ သိရသည်။

အဆိုပါပွဲတော်ကို လာမည့် ဇွန်လမှ ဇူလိုင်လအထိ "Made of Unity" ဟူသော ဆောင်ပုဒ်ဖြင့် ဟန်မြစ် (Han River) ကမ်းနား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ပြင်သစ်၊ အီတလီနှင့် အမေရိကန် အပါအဝင် ကမ္ဘာ့ထိပ်တန်း မီးရှူးမီးပန်းအဖွဲ့ ၈ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ပွဲစီစဉ်သူများ၏ ထုတ်ပြန်ချက်အရ ပွဲကြည့်စင်လက်မှတ်များကို နေရာအမျိုးအစားအလိုက် ဗီယက်နမ်ဒေါင် ၃ သိန်းမှ ၁ သန်း (ဒေါ်လာ ၁၁ ဒေါ်လာမှ ၃၈ ဒေါ်လာဝန်းကျင်) အထိ သတ်မှတ်ထားပြီး လက်ရှိတွင် ပြည်တွင်းပြည်ပ ခရီးသွားများအကြား စိတ်ဝင်စားမှု အလွန်မြင့်မားနေကာ အစောပိုင်းလက်မှတ်များမှာ လျင်မြန်စွာ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

11