၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို အာဆင်နယ်အသင်းအား ၂၂ နှစ်ကြာမှ ပရီးမီးယားလိဂ်ချန်ပီယံဆု ပြန်လည်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ မီခေးလ်အာတေတာက ဆွတ်ခူးရရှိသွားကြောင်း သိရသည်။ ၎င်းသည် ၂၀၀၃-၀၄ ရာသီက အာစင်ဝင်းဂါးနောက်ပိုင်း အဆိုပါဆုကို ပထမဆုံးအကြိမ် ပြန်လည်ရရှိသည့် အာဆင်နယ်နည်းပြ ဖြစ်လာခဲ့ပြီး၊ အသက် ၄၄ နှစ်နှင့် ၅၄ ရက်အရွယ်ဖြင့် မော်ရင်ဟို၏နောက်ပိုင်း ဒုတိယအသက်အငယ်ဆုံး ပရီးမီးယားလိဂ်ချန်ပီယံနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုကို ၁၉၉၃-၉၄ ရာသီတွင် စတင်ချီးမြှင့်ခဲ့ရာ မန်ယူနည်းပြ ဖာဂူဆန်က ပထမဆုံးရရှိခဲ့ပြီး ၎င်းကပင် ၁၁ ကြိမ်ဖြင့် အများဆုံးဆွတ်ခူးထားသည်။ ဒုတိယအများဆုံးအဖြစ် ဂွါဒီယိုလာက ၅ ကြိမ်၊ မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့က ၃ ကြိမ်စီနှင့် ယာဂန်ကလော့ပ်က ၂ ကြိမ်စီ ရရှိထားကြသည်။ အဆိုပါဆုကို များသောအားဖြင့် ချန်ပီယံနည်းပြများသာ ဆွတ်ခူးလေ့ရှိပြီး ချန်ပီယံမဖြစ်ဘဲ ရရှိခဲ့သည့်ဖြစ်စဉ် ၅ ကြိမ်သာ ရှိခဲ့ဖူးကြောင်း သိရသည်။


