back

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကို ဗဟိုပြု၍ အင်အား ၃.၃အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

May 27 • 1:26 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကို ဗဟိုပြု၍ အင်အား ၃.၃အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ကို ဗဟိုပြု၍ မေလ ၂၆ ရက် ညပိုင်းက အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦး...

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့ကို ဗဟိုပြု၍ မေလ ၂၆ ရက် ညပိုင်းက အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကွမ်းခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက် ၃၆ မိုင်ခန့်အကွာ၊ အနက် ၁၁ ကီလိုမီတာကို ဗဟိုပြု၍ မဂ္ဂနီကျု ၃.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော အဆိုပါငလျင်သည် ယနေ့ည ၇ နာရီ ၄၈ မိနစ် ၃၃ စက္ကန့်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာအေးမြေငလျင်စခန်း၏ တိုင်းထွာချက်အရ သိရသည်။

news-view-count-icon

30