back

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးအနီး၌ စက်ဘီးစီးလာသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံး

May 26 • 12:44 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် တညင်းကုန်းဈေးအနီး၌ စက်ဘီးစီးလာသည့် အသက် ၇၀ အရွယ် အမျိုးသားတစ်ဦး ကားကြိတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးအနီး၌ ယနေ့ (မေလ ၂၆ ရက်) နံနက် ၆ နာရီဝန်းကျင်ခန့်က ပြိုင်ဘီးစီးနင်းလာသည့် အသက် ၇၀ အရွယ် သက်ကြီးပိုင်းအမျိုးသ...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းဈေးအနီး၌ ယနေ့ (မေလ ၂၆ ရက်) နံနက် ၆ နာရီဝန်းကျင်ခန့်က ပြိုင်ဘီးစီးနင်းလာသည့် အသက် ၇၀ အရွယ် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ကနောင်နာရေးရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။ သေဆုံးသူမှာ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး၊ စျေးအနီး လူရှုပ်သည့်နေရာ၌ ဟန်ချက်ပျက်ကာ ကားအောက်သို့ ရောက်ရှိသွားရာမှ ဦးခေါင်းကို ကားဖြတ်ကြိတ်မိခြင်း ဖြစ်နိုင်ကြောင်း ကူညီမှုအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ လက်ရှိတွင် သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ်ရရှိထားပြီဖြစ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

25