back

ရန်ကုန်–မော်လမြိုင်နှင့် ရန်ကုန်–ပြည်လမ်းပိုင်းတို့တွင် လာမည့် ဇွန်လနှင့် ဇူလိုင်လအတွင်း DEMU ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲပေးရန် မြန်မာ့မီးရထား ပြင်ဆင်နေ

May 26 • 8:37 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရန်ကုန်–မော်လမြိုင်နှင့် ရန်ကုန်–ပြည်လမ်းပိုင်းတို့တွင် လာမည့် ဇွန်လနှင့် ဇူလိုင်လအတွင်း DEMU ရထားများ ထပ်မံတိုးချဲ့ပြေးဆွဲပေးရန် မြန်မာ့မီးရထား ပြင်ဆင်နေ

မြန်မာ့မီးရထားအနေဖြင့် ရက် (၁၀၀) စီမံချက်အရ ခရီးသွားပြည်သူများအတွက် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန် လာမည့် ဇွန်လအတွင်း ရန်ကုန်–မော်လမြိုင်လမ်းပိုင်းနှင့် ဇူလိ...

မြန်မာ့မီးရထားအနေဖြင့် ရက် (၁၀၀) စီမံချက်အရ ခရီးသွားပြည်သူများအတွက် ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ရန် လာမည့် ဇွန်လအတွင်း ရန်ကုန်–မော်လမြိုင်လမ်းပိုင်းနှင့် ဇူလိုင်လအတွင်း ရန်ကုန်–ပြည်လမ်းပိုင်းတို့၌ လူစီးအမြန်ရထား (DEMU) များ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။ မြန်မာ့မီးရထားသည် DEMU ရထားပြေးဆွဲမှုအဖြစ် ရန်ကုန်–နေပြည်တော်ခရီးစဉ်ကို ၂၀၂၅ ခုနှစ်တွင် စတင်ခဲ့ပြီးနောက်၊ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် အွန်လိုင်းလက်မှတ်ဝယ်ယူမှုစနစ်ကို အကောင်အထည်ဖော်ခဲ့ကာ ယခုမေလ ၁ ရက်နေ့တွင်လည်း ရန်ကုန်–မန္တလေးလမ်းပိုင်းကို DEMU ရထားဖြင့် စတင်တိုးချဲ့ပြေးဆွဲပေးခဲ့သည်။ လက်ရှိတွင် ကျန်ရှိသည့် လမ်းပိုင်းအသစ်များကိုပါ ထပ်မံပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ပြည်သူများ၏ လိုအပ်ချက်နှင့် အသံများကို နားထောင်ကာ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

66