back

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုသုံး တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ၃ လုံးကို ဦးစွာဖြိုချဖျက်ဆီး

May 26 • 8:35 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုသုံး တရားမဝင်အဆောက်အအုံ ၇၇ လုံးအနက် ၃ လုံးကို ဦးစွာဖြိုချဖျက်ဆီး

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၇ လုံးကို လုံခြုံရေးအဖွဲ့ဝ...

ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ စုစုပေါင်း ၇၇ လုံးကို လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးဖော်ထုတ်ကာ ချိတ်ပိတ်ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။ အဆိုပါအဆောက်အအုံများကို အဆင့် ၂ ဆင့်ခွဲ၍ ဖျက်ဆီးရန် သတ်မှတ်ထားရာ၊ ပထမအဆင့် ယာဉ်ယန္တရားဖြင့် ဖြိုချမည့် ၅၇ လုံးအနက် ၄ ထပ်အဆောက်အအုံ ၂ လုံးကို မေလ ၂၅ ရက်တွင် ဖြိုချခဲ့ပြီးဖြစ်ရာ ယခင်ဖြိုချပြီးစီးခဲ့သည့် ၁၃ ထပ်အဆောက်အအုံ ၁ လုံးအပါအဝင် စုစုပေါင်း ၃ လုံးကို ဦးစွာဖြိုချဖျက်ဆီးပြီးဖြစ်သည်။ ဒုတိယအဆင့် ဖောက်ခွဲဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးအပါအဝင် ဖျက်ဆီးရန် ကျန်ရှိနေသေးသည့် တရားမဝင်အဆောက်အအုံ ၇၄ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

25