ဈေးကွက်အတွင်း ရာသီပေါ်အင်ဥများမှာ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူစရိတ်ကြီးမြင့်မှုကြောင့် တစ်ပိဿာလျှင် ကျပ် ၁၀၀,၀၀၀ မှ ၁၃၀,၀၀၀ အထိ ဈေးနှုန်းမြင့်မားကာ ဈေးကောင်းရနေကြောင်း ဈေးသည်များထံမှ သိရသည်။ အဆိုပါအင်ဥများမှာ ကောလင်း၊ ဝန်းသို၊ ကသာနှင့် ဗန်းမော် စသည့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း မြို့နယ်များမှ ထွက်ရှိခြင်းဖြစ်ပြီး၊ လက်ရှိတွင် နယ်မြေအခြေအနေအရ သွားလာရခက်ခဲကာ ဈေးကွက်အတွင်းသို့ ကုန်ပစ္စည်းတင်ပို့နိုင်မှု နည်းပါးခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းမြင့်တက်ကာ ရောင်းချသည့်ဈေးသည်လည်း နည်းပါးနေခြင်းဖြစ်သည်။ အများအားဖြင့် မေလမှ ဇူလိုင်လအထိ မိုးရာသီအစ ညဘက်များတွင် ထွက်လေ့ရှိသည့် အင်ဥသည် လက်ရှိမိုးဦးကာလတွင် ဈေးကွက်အတွင်း၌ လူကြိုက်များလျက်ရှိကြောင်း သိရသည်။
May 26 • 8:22 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


