back

ပြည်တွင်း၌ မိုးရာသီ Rice Export Zone ဖော်ဆောင်ရာတွင် စိုက်ဧက ၃.၅ သိန်း စိုက်ပျိုးမည်

May 26 • 3:59 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ မိုးရာသီ Rice Export Zone ဖော်ဆောင်ရာတွင် စိုက်ဧက ၃.၅ သိန်း စိုက်ပျိုးမည်

ယခုမိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အစည်းအဝေး...

ယခုမိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အစည်းအဝေးမှ သိရသည်။ အဆိုပါ အစည်းအဝေးတွင် ဆန်နှင့် ဆန်ကွဲ တင်ပို့သည့် ထိပ်သီးကုမ္ပဏီ ၃၀ တို့ ပူးပေါင်းဆွေးနွေးခဲ့ကြပြီး၊ ဇွန်လ ၁၅ ရက်မတိုင်မီ တောင်သူများလက်ဝယ်သို့ စိုက်ပျိုးစရိတ်များ ပေးအပ်နိုင်ရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို သင့်တင့်သည့်ဈေးနှုန်းဖြင့် ရောင်းချပေးရန်နှင့် စပါးမျိုးလိုအပ်ချက်များအတွက် MRF နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

news-view-count-icon

51