ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် မေလ ၂၅ ရက် ညနေပိုင်းက DYNA ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့သည်။ အဆိုပါ ဖြစ်ပွားမှုကြောင့် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား ၂ ဦးတွင် မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူများကို Myanmar Rescue လူမှုကူညီရေးအသင်းက ဆွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



