back

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် သတိပေး

May 25 • 10:07 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မုတ်သုံလေစတင်ဝင်ရောက်မှုနှင့်အတူ ကမ်းရိုးတန်းဒေသများတွင် မိုးကြီး၍ လှိုင်းလေပြင်းထန်နိုင်ပြီး မိုးကြိုးအန္တရာယ်ကို အထူးဂရုပြုရန် သတိပေး

မြန်မာနိုင်ငံဒေသအချို့သို့  အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လ...

မြန်မာနိုင်ငံဒေသအချို့သို့  အနောက်တောင်မုတ်သုံလေများ စတင်ဝင်ရောက်နေပြီဖြစ်ကာ လာမည့် မေလ (၂၉) ရက်မှ ဇွန်လ (၆) ရက်အတွင်း ကမ်းရိုးတန်းဒေသများ၌ မိုးကြီးခြင်းနှင့် လှိုင်းလေပြင်းထန်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာစိုင်ခွန်အာကာက သတိပေးပြောကြားထားသည်။အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် မုတ်သုံလေစတင်ဝင်ရောက်နေပြီဖြစ်ပြီး တနင်္သာရီ တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အောက်ပိုင်းတို့တွင် မုတ်သုံလေအပြည့် အဝလွှမ်းခြုံနေပြီဖြစ်သဖြင့် မုတ်သုံမိုးများ ဆက်လက်ရွာသွန်းမည်ဖြစ်ကြောင်း ဆိုသည်။

news-view-count-icon

44