ရှမ်းပြည်နယ်၊တောင်ကြီးမြို့ပေါ်တွင် လူငယ်များအကြား ခေတ်စားနေသည့် အီးစီးကရက် (Vape/Pod) ရောင်းချသူများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်း ဒေသခံများထံမှ သိရပါတယ်။ပြီးခဲ့သည့်မေလ ၂၁ ရက်က ကျောင်းကြီးစုနှင့် ကံသာရပ်ကွက်ရှိ ဆိုင်အချို့ကို ဝင်ရောက်ဖမ်းဆီးကာ အရေးကြီးကုန်စည်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလကတည်းက Vape တားမြစ်ပိတ်ပင်ထားခဲ့ပြီး၊ လက်ရှိတွင် ဖမ်းဆီးမှုများကြောင့် ဝယ်ယူရခက်ခဲကာ ဈေးကွက်မှောင်ခိုဖြစ်ပြီး ဈေးနှုန်းများ နှစ်ဆနီးပါး မြင့်တက်သွားပါတယ်။ သို့သော် ဖမ်းဆီးမှုနှင့် ဈေးကြီးလာမှုကြောင့် လူငယ်အချို့ Vape ဖြတ်လာကြသည့် ကောင်းမွန်သော အလားအလာများလည်း ရှိနေကြောင်း သိရပါတယ်။



