back

ဂျပန်နိုင်ငံသို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လာရောက်မည်

May 25 • 4:21 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်နိုင်ငံသို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လာရောက်မည်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) သည် လာမည့်အင်္ဂါနေ့မှစတင်ကာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၄ ရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ် (Sta...

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) သည် လာမည့်အင်္ဂါနေ့မှစတင်ကာ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၄ ရက်ကြာ နိုင်ငံတော်အဆင့်ခရီးစဉ် (State Visit) သွားရောက်မည်ဖြစ်ပြီး၊ ၎င်းသည် ဖိလစ်ပိုင်ခေါင်းဆောင်တစ်ဦးအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် သွားရောက်သည့် နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်အတွင်း သမ္မတ မားကို့စ်သည် ကြာသပတေးနေ့တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ (Sanae Takaichi) နှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိနေသည်။ တရုတ်နိုင်ငံ၏ စစ်ရေးအရ နယ်မြေချဲ့ထွင်စိုးမိုးလိုမှုများ ပိုမိုမြင့်တက်လာခြင်းနှင့် အရှေ့အလယ်ပိုင်းဒေသ မတည်ငြိမ်မှုများ ဖြစ်ပွားနေချိန်တွင် နှစ်နိုင်ငံခေါင်းဆောင်များသည် ဒေသတွင်းလုံခြုံရေးအတွက် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် နှင့် စွမ်းအင်လုံခြုံရေးကဏ္ဍများ ကို အဓိကထား ဇောက်ချဆွေးနွေးကြလိမ့်မည်ဟု ခန့်မှန်းရသည်။ သမ္မတ မားကို့စ်အား ဂျပန်နိုင်ငံ၏ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုတစ်ခုဖြင့်လည်း ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

14